481 - 485

67 7 0
                                    

အပိုင်း(၄၈၁) ထိုက်တန်လို့လား

လုံချန်၏ လှုပ်ရှားမှုများမှာ မယုံကြည်နိုင်လောက်အောင် မြန်ဆန်ကာ အလွန်ပင် ပြတ်သားလှ၏။ တော်ဝင်သားတော်ကို သတ်ဖြတ်ရန် အတွက် အဖိုးအတန်ဆုံးသော ဝှက်ဖဲကို အသုံးပြုရန် တစ်ချက်မှ သူ တုန့်ဆိုင်းခြင်း မရှိခဲ့ချေ။

ဝူယု ထွက်ခွာ မသွားခင် အချိန်တုန်းက လုံချန်မှာ ထိုဝိညာဥ်အိုကြီးနှင့် အတူ  အနန္တ ဧကရာဇ်ဂိုဏ်းတွင် အမှုထမ်းခဲ့ဖူးသည့် ရှေးဟောင်း ကျင့်ကြံသူ တစ်ဦး၏ အုတ်ဂူ အတွင်းကို စွန့်စား ဝင်ရောက်ခဲ့ဖူးသည်။ ထိုအုတ်ဂူ ပိုင်ရှင်မှာ ဖန်တီးခြင်း လမ်းစဥ် သုံးခုထဲမှ တစ်ခု ဖြစ်သည့် အဆောင် လမ်းစဥ်တွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သည့် မိုးကြိုးဒြပ်စင် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။

၎င်းပုဂ္ဂိုလ်ကြီးနှင့် ပတ်သက်လျှင် အကျော်ကြားဆုံးက ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း ဟု ခေါ်သည့် အဆောင်များပင် ဖြစ်သည်။ ထိုအဆောင်များမှာ အလွန်ပင် အစွမ်းထက်ကာ ပေါက်ကွဲအားတွင် အဂ္ဂိရတ် တာအို၏ အဆင့်ကိုး ဆေးတောင့်များကိုပင် ယှဥ်နိုင်စွမ်း ရှိခဲ့သည်။

ဆေးတောင့်များနှင့် မတူညီသည့် အချက် တစ်ခုက အဆောင်များမှာ ဝိညာဥ်စွမ်းအင်ဖြင့် သန့်စင်ကာ စနစ်တကျ တည်ဆောက်ထားသည့် ဝင်္ကပါများ ဖြစ်နေခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းတို့မှာ စနစ်ကျသည့် တိုက်ခိုက်မှု တစ်ခုကို တိတိကျကျပင် ဖော်ထုတ်ပေးနိုင်စွမ်း ရှိသည်။

ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း အဆောင်များမှာ ကောင်းကင်မိုးကြိုး ကျင့်စဥ် တစ်ခု ဖြစ်သည့် “ဟင်းလင်းပြင် မိုးကြိုး ပေါက်ကွဲခြင်း တိုက်ခိုက်မှု” ကို အထဲတွင် ထည့်သွင်း သိမ်းဆည်းထားသည်။ ၎င်းတို့မှာ အလွန်အမင်း ပေါက်ကွဲအား ပြင်းထန်ကာ သတ်မှတ်ထားသည့် ဧရိယာ တစ်ခုလုံးကို  ခရမ်းရောင် မိုးကြိုး နယ်မြေအဖြစ် ပြောင်းလဲပစ်နိုင်စွမ်း ရှိသည်။ အချိန်သခင်များပင်လျှင် ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို ခုခံနိုင်စွမ်း မရှိချေ။

အမွေခံအပြစ်သား ( Ongoing မှီ )Where stories live. Discover now