အပိုင်း(၅၁၁) ကောင်းကင်တာအို၏ လွှမ်းမိုးမှု
အစွန်းလေးဖက် ကုန်းမြေတိုက်ကြီး၏ တစ်နေရာ၌ စန်းယွန်းလီမှာလည်း တူညီစွာပင် ခံစားလိုက်ရ၏။ ပုံမှန်ထက် အနည်းငယ် ပို၍ တောက်ပနေပုံ ရသည့် ကောင်းကင်ဘုံကို မော့ကြည့်ရင်း သူမ၏ မျက်လုံးများက အနည်းငယ် ကျဥ်းမြောင်းသွားသည်။ ရွှေရောင်အလင်းတစ်စမှာ သူမ၏ မျက်ခုံးနှစ်ခုကြားတွင် ဖျပ်ခနဲ ပေါ်လာကာ ကောင်းကင်လမ်းစဥ် စာအုပ်ထဲမှ အကြောင်းအရာများကို နောက်တစ်ဖန် ပြောင်းလဲသွားစေခဲ့လေ၏။
ထိုအခိုက်၌ မင်ရှုဖုန်း၏ ခန္ဓာကိုယ်မှာ နှင်းမုန်တိုင်းထဲ ကျရောက်နေသလို တဆတ်ဆတ် တုန်ရီနေ၏။ သို့သော်လည်း လေထုမှာ အေးစက်ခြင်း မရှိသလို သူမ၏ ခန္ဓာကိုယ် အပူချိန်မှာလည်း ပြောင်းလဲခြင်း မရှိပါချေ။ မိန်းကလေး၏ သမုဒ္ဒရာအလား ပြာလွင်လွင် မျက်လုံးများကတော့ ဖရိုဖရဲ ရွှေရောင် အလင်းများဖြင့် တောက်ပနေခဲ့၏။
“ဘာဖြစ်နေတာလဲ...”
သူမက တိတ်တဆိတ် မေးခွန်းထုတ်လိုက်သည်။ ထိုအခိုက်၌ ကောင်းကင်တာအိုမှာ ခါတိုင်းထက် အလွန် နီးကပ်လာနေသလို သူမ ခံစားနေရသည်။
စန်းယွန်းလီမှာ မျက်လုံးများကို မှိတ်ကာ ကောင်းကင်လမ်းစဥ် စာအုပ်ထဲတွင် အသစ် ပေါ်လာခဲ့သည့် အကြောင်းအရာများကို ဖြည်းညင်းစွာ ဖတ်နေခဲ့၏။ အဆုံးသတ်သို့ ရောက်သွားသည့် အခိုက်၌ သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
“ဒီလို ဖြစ်သွားတာလား... ဒါပေမဲ့ ဘာလို့လဲ... ကံကြမ္မာက သူ့ကို အစစ်အမှန် ဒြပ်စင်ဂိုဏ်းရဲ့ ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ အစတည်းက သတ်မှတ်ထားတာလား”
စန်းယွန်းလီ၏ သွေးရောင် မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွား၏။ အတန်ကြာပြီးနောက်၌ မျက်နှာဖုံးနောက်မှ လှပသော နှုတ်ခမ်းကလေးထက်တွင် စွဲမက်ဖွယ်ရာ အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
“ဒီကနေ ငါ အမြတ်ရနိုင်လောက်လား...”
...
ကမ္မတန်ဖိုး... ၉၄၄.၆
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Adventureအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...