အပိုင်း(၅၃၆)
ဟီး… ဟီး… ဟီး…
ဟီး… ဟီး… ဟီး…
အော်ဟစ်ပင်လယ် အောက်ခြေမှ ထွက်ပေါ်လာသည့် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်ခြင်း အော်ဟစ်သံများမှာ ပိုမို၍ ကျယ်လောင် လာခဲ့၏။ ၎င်းတို့က သုံးလွှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကိုပင် လှုပ်ခါစေကာ အော်ဟစ် ပင်လယ်အား တည်ငြိမ်အောင် ထိန်းသိမ်းထားသည့် အခြေခံကိုပင် ဖြည်းညင်းစွာ အက်ကွဲ လာစေခဲ့၏။
လောကနယ်မြေ၏ အမြုတေ ပံ့ပိုးမှု မရှိတော့လေရာ အော်ရစ်ပင်လယ်၏ ထူးခြားသော မြေဆွဲအားမှာလည်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ရေထု တစ်ခုလုံးမှာ လျှင်မြန်စွာပင် အငွေ့ပျံ ပျောက်ကွယ်နေကာ အောက်ရှိ တည်မှုများအား ကန့်သတ်ထားသည့် အချုပ်အနှောင်များမှာလည်း လျှင်မြန်စွာပင် ကျိုးပျက် လာနေခဲ့၏။
အော်ရစ်ပင်လယ် အနီး၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်းနှင့် အနန္တ ဧကရာဇ်ဂိုဏ်း တို့၏ နယ်စပ် တစ်နေရာ၌ 'အသစ် ထွန်းလင်းခြင်း' ဟု အမည်ရသော ကုန်းမြေတိုက်ကြီး တစ်ခု ရှိ၏။
ယနေ့၌ ထိုကုန်းမြေတိုက်ကြီးမှာ ငလျင်ကြီး တစ်ခု လှုပ်ခတ်သွားခဲ့ကာ မြေကြီးအတွင်း နစ်မြုပ်နေသည့် တည်ရှိမှုကြီး တစ်ခုမှာ ကြီးမားသော မျက်လုံးကြီးများကို ဖြည်းညင်းစွာ ဖွင့်လာခဲ့၏။
ထိုမျက်လုံးကြီးများက ရွှေရောင် ပင်လယ် တစ်ဆင်းနှင့် ဆင်တူကာ ကမ္ဘာတစ်ခု အလား ကျယ်ဝန်းလှ၏။ ထိုကမ္ဘာ အတွင်းတွင်တော့ စိတ်နှလုံးကို တုန်ရီစေကာ ဝိညာဉ်ကိုပင် လွင့်စဉ်သွားအောင် ပြုစားနိုင်စွမ်း ရှိသည့် မျဉ်းကြောင်းများ ရှိနေခဲ့၏။ ထိုမျဉ်းကြောင်းများမှာ သန်းခေါင်ယံ ကဲ့သို့ နက်မှောင်နေသည့် စူးရှရှ သူငယ်အိမ်များထံ ဦးတည် ရွေ့လျားသွား၏။
ကုန်းမြေတိုက်ကြီး တစ်ခုလုံးကို တုန်ခါ သွားစေသည့် ဟိန်းဟောက်သံနှင့် အတူ ဧရာမ မျက်လုံးပိုင်ရှင်ကြီးမှာ အောက်ကမ္ဘာကို စိုက်ကြည့် လိုက်၏။
အကယ်၍ ဝေ့ဝူယင်မှာ ဤနေရာတွင် ရှိနေပါက ထိုမျက်လုံးကြီးများကို ချက်ချင်းပင် မှတ်မိလိမ့်မည် ဖြစ်ပေသည်။ နောက်ဆုံး ဆုံတွေ့ခဲ့သည့် အချိန်က ဆယ်စုနှစ် တစ်ခုနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်သည့်တိုင် ၎င်းမှာ သူ ဘယ်တော့မှ မမေ့နိုင်သည့် အမှတ်အသား တစ်ခုအား ချန်ထားခဲ့သူ ဖြစ်သည်။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Adventureအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...