Ch 42

1.5K 118 0
                                    

Ch 42

အဘိုးကျန်းက ကျန်းဟွေ့ အလည်လာတဲ့အခါ သူ့မျက်နှာတစ်ပြင်လုံး ချစ်စရာကောင်းတဲ့ အပြုံးဖြင့် "ဟွေ့ဟွေ့ မြန်မြန်ထိုင် လက်ဖက်ရည်တစ်ခွက် အရင်သောက်။"

ကျန်းဟွေ့က သူမလက်ထဲက လက်ဆောင်ထုပ်ကို ချလိုက်ပြီး အဘိုးကျန်း လက်ထဲက လက်ဖက်ရည်ခွက်ကို ယူဖို့ အမြန်ပြေးသွားလိုက်ပြီး "အဘိုး သမီးကိုယ်တိုင်လုပ်မယ်။"

ကျန်းဟွေ့ ထိုင်ပြီးနောက် အဘိုးကျန်းက စိုးရိမ်စိတ်ဖြင့် မေးသည်။ "ဟွေ့ဟွေ့ အမှတ် 1 အလယ်တန်းကျောင်းမှာ စာသင်နေတာမလား။ စာမေးပွဲ ကောင်းကောင်း ဖြေနိုင်လား။"

ကျန်းဟွေ့က "အဘိုး သမီး စာမေးပွဲ ကောင်းကောင်း ဖြေခဲ့တယ်။ အခန်းထဲမှာရော တစ်တန်းလုံးမှာရော သမီးက ပထမရတာ။"

သူ့အိတ်ကပ်ထဲက 10 ယွမ်တန် တစ်ရွက် ထုတ်လိုက်ပြီး ကျန်းဟွေ့ကို ပေးပြီး "ဒါက အဘိုး သမီးကို ဆုချတာ။ စားချင်တာ ဝယ်စားဖို့။"

အဘိုးကျန်းက လယ်သမားတစ်ယောက် ဖြစ်ပြီး သူ့ရဲ့သားဖြစ်သူကို လယ်ကို နှစ်ပေါင်းများစွယ ခွဲဝေပေးခဲ့သည်။ သူ့လက်ထဲတွင် ပိုက်ဆံတချို့ကို စု‌ဆောင်းထားပြီး သူ့အချစ်ဆုံး မြေးမလေးအတွက် စားစရာဝယ်ဖို့ ပိုက်ဆံ နည်းနည်းပေးနိုင်သည်။

ကျန်းဟွေ့က အဘိုးကျန်းရဲ့ ရည်ရွယ်ချက်ကို မပယ်ချဘဲ 10 ယွမ်ကို မေတ္တာဖြင့် ယူပြီး "ကျေးဇူးတင်ပါတယ် အဘိုး။" ဟု ချိုသာတဲ့ အပြုံးဖြင့် ပြောသည်။

အဘိုးကျန်းက လက်ခံတာကို တွေ့တော့ အရမ်းပျော်သွားပြီး "ဟွေ့ဟွေ့ သမီးအမေက မြို့ထဲမှာ မုန့်ဆိုင်ဖွင့်ထားတယ်လို့ အဘိုးကြားတယ်။ စီးပွားရေးက ကောင်းလား။"

ကျန်းဟွေ့က ခေါင်းညိတ်ကာ ပြုံးပြီး "ဟုတ်တယ်အဘိုး။ သမီးတို့ မြို့ထဲမှာ မုန့်ဆိုင်ဖွင့်ထားတယ်။ စီးပွားရေးကလည်း အရမ်းကောင်းတယ်။ သမီးနဲ့ ရှောင်ကျင်းကို စိတ်မပူပါနဲ့ အဘိုး။"

အဘိုးကျန်းက ငွေရှာနိုင်တယ်လို့ ကြားတဲ့အခါ သက်သာရာရစွာဖြင့် ခေါင်းညိတ်ကာ "ကောင်းပြီ။ သမီး‌ နေကောင်းနေသရွေ့ အဘိုး စိတ်ပူနေစရာမလိုဘူး။ စိတ်ပူတာက သမီးအဖေက တော်တော်မိုက်မဲတာ။ သူက အသုံးမချတာကြောင့် သမီးအမေက တော်တော်ဒုက္ခရောက်ခဲ့တာ။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now