Endless Responsibility
Chapter — 0
အဆုံးမဲ့တာဝန်
အပိုင်း — ၀မှောင်မိုက်တိတ်ဆိတ်လှတဲ့ညရဲ့အေးချမ်းမှုကိုမြင်းခွာသံများကဖြိုခွင်းသွား၏။ကောင်းကင်ကိုတော့ကြက်သွေးရောင်လမင်းကြီး၃စင်းကကျက်သရေဆောင်နေသည်။လေဟာပင်လယ်ပြင်အပေါ်ကနေလျှပ်ပြေး ၊ တောင်ကြားတွေကိုလျှိုဝင် ၊ သစ်ပင်တွေကြားဖြတ်တိုက်ပြီးအရာအားလုံး၏စတင်ရာ ဖြစ်တဲ့ ၊ (moonless)လမိုက် မြို့ကိုချီတက်လာလေ၏။
“ဒီဟာကလမိုက်မြို့...”
လူတစ်ယောက် ၊ မြင်းကိုဒုန်းနှင်ပြီးစီးလာရာမှရုတ်တရက်ဇက်ကြိုးကိုအတင်းဆွဲပြီး လမိုက်မြို့အဝင်ဂိတ်ရှေ့မှာရပ်လိုက်သည်။သူ့ပုံကခရီးသွားတစ်ယောက်ဖြစ်ဟန်တူ၏။
လမိုက်မြို့အဝင်ဂိတ်ရှေ့တွင်တော့အစောင့်နှစ်ယောက်ဂိတ်တိုင်တဖက်တချက်စီတွင်ရှိနေသည်။ခဏကမြင်းဒုန်းစီလာသောလူသည်မြင်းပေါ်မှဆင်းပြီးညာဖက်အစောင့်စီသို့အရေးတကြီးမေးစရာရှိပုံနှင့်ဦးတည်သွား၏။
“ဒီဟာကလမိုက်မြို့ဟုတ်လားဗျ”
ခရီးသွားသည်အစောင့်ရှေ့ကိုရောက်သည်နှင့်တုံ့ဆိုင်းခြင်းမရှိမေးစရာရှိသည်ကိုမေးချလိုက်သည်။
“ဂိတ်ခေါင်းစည်းမှာရေးထားတယ်လေ”
အစောင့်ကဒီလူကြောင်တောင်တောင်နဲ့ဟူသောအကြည့်မျိုးနှင့်ပြန်ဖြေ၏။
“မြင်တယ်လေ။သေချာအောင်အတည်ပြုကြည့်တာ
ဟုတ်တယ်ဆိုရင်လည်းခွင့်ပြုပါအုံး”ခရီးသွားသည်မြင်းစီသို့တဖန်ပြန်လှည့်သွားသည်။ထို့နောက်မြင်းကိုစိုက်ကြည့်ကာပွတ်သက်ရင်းပြောလိုက်၏။
“ငါတို့ဒီလမ်းခရီးရဲ့တဝက်ကမှစသိခဲ့ကြတာဆိုပေမဲ့ ၊ မင်းငါ့ကိုခရီးတစ်ခုအောင်မြင်စေခဲ့တယ်။ငါဒီကျေးဇူးကိုမမေ့ပါဘူး။လောလောဆယ်တော့ငါ့မှာကိစ္စလေးတွေရှိသေးတာမို့...ဖြစ်နိုင်ရင်ငါမင်းကိုကျေးဇူးဆပ်ဖို့ထပ်တွေ့ချင်ပါသေးတယ်”
စကားဆုံးသည်နှင်ခရီးသွားသည်မြင်းကိုဇက်ကြိုးဖြေပေးလိုက်ပြီး လမိုက် မြို့ထဲသို့တစ်ချက်မျှနောက်လှည့်မကြည့်ဘဲဝင်သွားလေသည်။
YOU ARE READING
အဆုံးမဲ့တာဝန် - [ Endless Responsibility ]
Tajemnica / ThrillerReview... ဒါကဇွဲကြီးလှတဲ့လူသားတစ်ယောက်အကြောင်း။ ရှေးဟောင်းကြွေရုပ်ထုကြီးတစ်ခုကိုအမြဲထာဝရလိုက်ရှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ရာဇဝင်ပေါ့။ ရာဇဝင်လို့ပြောပေမဲ့အခုတောင်သူကအဲ့ရှေးကြွေရုပ်ထုဟောင်းကြီးကိုလိုက်ရှာရင်ရှာနေအုံးမှာ...ဒါမှမဟုတ်တွေ့ရင်လည်းတွေ့သွားလောက်ပ...