Endless Responsibility
Volume - 1 [Something's Mysterious]
Chapter - 1( The Beginning Of The Eternal Journey)
အဆုံးမဲ့တာဝန်
အပိုင်း - ၁(ထာဝရခရီး၏အစ)နေရောင်ခြည်နုနုလေးကပြတင်းပေါက်မှန်ကိုဖြတ်ပြီးအခန်းထဲထိဝင်နေလေပြီ။အီလီ တစ်ယောက်မနေ့ညကအစီအစဥ်တစ်ခုဆွဲပြီးနောက်နှစ်ခြိုက်စွာအိပ်စက်ခဲ့သည်။အခုလည်းပြတင်းပေါက်ကနေရောင်ဖြာကျနေတဲ့နေရာလေးမှာကော်ဖီသောက်ရင်းမနေ့ညကဆွဲခဲ့သောအစီအစဉ်ကိုစတင်အကောင်အထည်ဖော်ရန်စဉ်းစားနေ၏။
ဘယ်ကနေဘာကနေစလုပ်ရမလဲမသိတဲ့တာဝန်တစ်ခု...
၎င်းတာဝန်ကိုထမ်းဆောင်ခဲ့တဲ့သူ့ရှေ့လူတွေကမှတ်တမ်းတင်ခဲ့တဲ့ဟာကလည်းသူတို့ရဲ့ဘဝအတွေ့အကြုံတွေအကြောင်းဘဲပါ။အဲ့တာကြောင့်
အီလီ အကောင်းဆုံးလို့သူ့ဉာဏ်နဲ့စဉ်းစားမိတဲ့ဟာကYggdrasill(ကမ္ဘာ့သစ်ပင်)စီမှာနေထိုင်တဲ့Elf(နတ်သူငယ်)ဘုရင်မကိုသွားတွေ့ဖို့ပါဘဲ။သူမကအသိပညာနတ်ဘုရားလို့နာမ်မည်ကြီးသည်မဟုတ်ပါလား။သဲလွန်စအသစ်ရနိုင်မရနိုင်ဘယ်သူသိနိုင်မည်နည်း။
အစကတော့ အီလီ ပထမဆုံးဆန့်ကျင်သူရဲ့နည်းလမ်းအတိုင်းTower of God(နတ်ဘုရားရဲ့မျှော်စင်)ကိုသွားပြီးစမ်းသပ်ချက်တွေကိုအောင်မြင်ပြီးဆုအဖြစ်ကြွေရုပ်ထုရှိတဲ့နေရာကိုပို့ပေးဖို့တောင်းမယ်လို့စဉ်းစားခဲ့ပေမဲ့ပထမဆုံးဆန့်ကျင်သူကအဲ့ရည်ရွယ်ချက်နဲ့နတ်ဘုရားရဲ့မျှော်စင်စီကိုသွားတာမဟုတ်ခဲ့ပေ။အကြောင်းအရင်းမှာသူကပထမဆုံးဆန့်ကျင်သူဖြစ်ပြီး အီလီ့ လို၉၉ယောက်မြောက်မဟုတ်လို့ဖြစ်၏။
ဆိုလိုချင်တာက အီလီ ကသူ့အစွမ်းအပြင်သူ့ရှေ့ဆန့်ကျင်သူ၉၈ယောက်လုံးရဲ့စွမ်းအားတွေကိုပါအသုံးပြုနိုင်သည်။ပထမဆုံးဆန့်ကျင်သူကတော့ထိုသို့မဟုတ်ပေ။သို့။ဒီနေရာတွင်သတိထားစရာတစ်ခုရှိသည်က အီလီ သူ့ရှေ့ကဆန့်ကျင်သူ၉၈ယောက်လုံးရဲ့စွမ်းရည်တွေကိုသုံးနိုင်ဖို့က၎င်းစွမ်းရည်တွေရဲ့နာမ်မည်ကိုသိဖို့လိုသည်။ဒီလိုနေရာတွင်တော့ဆန့်ကျင်သူများ၏မှတ်တမ်းကသာမန်စာအုပ်ထပ်ပိုသာသွားပြန်၏။
ပထမဆုံးဆန့်ကျင်သူအကြောင်းပြန်ဆက်ရလျှင်သူသည်စစ်မှန်သောဆန့်ကျင်သူဖြစ်ခဲ့သည်။အီလီနဲ့သူ့စီနီယာများကဲ့သို့မဟုတ်။အီလီ နဲ့သူ့စီနီယာများသည်နာမ်မည်များနှင့်ဆန့်ကျင်ဖက်ဖြစ်၏။
YOU ARE READING
အဆုံးမဲ့တာဝန် - [ Endless Responsibility ]
Misteri / ThrillerReview... ဒါကဇွဲကြီးလှတဲ့လူသားတစ်ယောက်အကြောင်း။ ရှေးဟောင်းကြွေရုပ်ထုကြီးတစ်ခုကိုအမြဲထာဝရလိုက်ရှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ရာဇဝင်ပေါ့။ ရာဇဝင်လို့ပြောပေမဲ့အခုတောင်သူကအဲ့ရှေးကြွေရုပ်ထုဟောင်းကြီးကိုလိုက်ရှာရင်ရှာနေအုံးမှာ...ဒါမှမဟုတ်တွေ့ရင်လည်းတွေ့သွားလောက်ပ...