Chapter - 2

20 0 0
                                    

Endless Responsibility
Volume - 1 [Something's Mysterious]
Chapter - 2(Cheon BeakYoon)
အဆုံးမဲ့တာဝန်
အပိုင်း - ၂(ချွန်း ဘေခ့်ယွန်း)

ညဉ့်အချိန်လေပြေလေးကတဖြူးဖြူးတိုက်ခတ်နေသည်။စိမ်းပြာရောင်လမင်းကြီးကလည်းကောင်ကင်ယံအလည်တည့်တည့်မှာနေရာယူလျက်။

ဒီးဒုတ်ငှက်ရဲ့စွဲသံသာယာကလည်းတမြည်မြည်။စွန့်စားသူလူ၅ယောက်ပါသောအဖွဲ့တစ်ခု ဆုံးရှုံးခြင်းတစ်သောင်းသစ်တော ထဲတွင်စခန်းချညအိပ်နေကြသည်။

အီလီ သည်လည်း၎င်းစွန့်စားသူအုပ်စုထဲတွင်ရှိနေ၏။သူသည်အခုမှတွေ့ဖူး‌‌သောလူတစ်စုအတွက်အစောင့်တာဝန်ယူပေးနေရသည်။

ဖြစ်ပုံမှာယနေ့ညနေခင်းနေဝင်ဝင်ခြင်းအချိန်ကစ၏။အီလီ တစ်ယောက်သူ့ဘဝရဲ့ပထမဦးဆုံးခရီးတွင်မျက်စိလည်လမ်းမှားလာပြီး
ဆုံးရှုံးခြင်းတစ်သောင်းသစ်တော ထဲသို့ရောက်လာသည်။၎င်းသစ်တောထဲအဝင်တွင်ပင်သူယခုသူစောင့်ရှောက်ပေးနေရသောစွန့်စားသူအဖွဲ့နှင့်တွေ့ခဲ့၏။

တွေ့တွေ့ချင်းတွင်တော့၎င်းစွန့်စားသူအဖွဲ့မှလူများက အီလီ့ ကိုမယုံ။မွန်းစတားလားလို့ထင်ခဲ့ကြပေမဲ့။အီလီ ကိုမွန်းစတားဟုတ်မဟုတ်သူတို့အတည်ပြုလိုက်နိုင်ခဲ့၍ယခုအခြေအနေသို့ရောက်ခဲ့ရသည်။

အီလီ သည်လူစကားနားလည်သည်။အသွင်အပြင်မှာလည်းလူသားပုံသာဖြစ်သောကြောင့်စကားအနည်းငယ်ပြောပြီးနောက်ပြဿနာပြေလည်သွားသည်။သို့သော်လည်းသူတို့ကသိပ်စိတ်မချကြ။
အီလီ သာဒါဘယ်နေရာဆိုတာမသိပေမဲ့
အခုသူတို့ရောက်နေတဲ့
ဆုံးရှုံးခြင်းတစ်သောင်းသစ်တော ဆိုသည်မှာနယ်နယ်ရရမဟုတ်။

‌သို့သော်လည်းသူတို့မှာအနားယူရန်လိုသေးသောကြောင့် အီလီ နဲ့ပူးပေါင်းပြီးဘာပြဿနာမှမဖြစ်စေဘဲညကိုကောင်းကောင်းအိပ်စက်အနားယူချင်ကြသည်။အဲ့တာနဲ့သူတို့အလှည့်ကျစီကင်းစောင့်ရန်သဘောတူခဲ့ကြသည်။ယခုမှ အီလီ စောင့်ချိန်ဖြစ်သည်။

ဆိုလိုသည်မှာသူအိပ်ပြီးသွားလေပြီ။အစောင့်လဲချိန်တွင်သူတို့အားလုံး အီလီ့ ကို‌ကတိတစ်ခုတောင်းကြသည်။ညစောင့်တာဝန်ကိုသေချာထမ်းဆောင်ပါမည်ဆိုသောကတိပင်။၎င်းကတိဆိုသည်မှာကိုယ့်ကြယ်တာရာကိုတိုင်တည်ပြီးချုပ်ဆိုရသောစာချုပ်‌သဘောမျိုးဖြစ်သည်။

အဆုံးမဲ့တာဝန် - [ Endless Responsibility ]Where stories live. Discover now