🦋🦋🦋2လခန့်ကြာပြီးနောက်.........
🎶 And I thinking about how people fall in love with mysterious way.May be just the part of the plan.Me in fall in love with you every single day.🎵🎶
Condoရဲ့ဧည့်ခန်းထဲတွင် သီချင်းဖွင့်ကာ သွေးနဲ့မာန် တို့နှစ်ယောက်
တစ်ယောက်ကိုယောက်ဖက်ကာ
ကနေကြသည်။သီချင်းကအငြိမ်မို့
ကကွက်တွေကလည်း သီချင်းနဲ့အညီ အေးအေးလေးနဲ့ငြိမ့်နေသည်။ညဘက်
၉ နာရီထိုးနေပြီမို့ ပတ်ဝန်းကျင်တခုလုံးလည်း မှောင်ရိပ်သန်းနေပြီဖြစ်သည်။စားပွဲပေါ်တွင်တင်ထားတဲ့ ဝိုင်ပုလင်းကလည်းတဝက်ကျိုးနေပြီဖြစ်သည်။" မင်းမမူးသေးဘူးပဲ....မာန် "
" မင်းကတော့ အရမ်းမူးနေပြီမလား "
" အင်း၊မူးလွန်းလို့ မင်းကိုတောင်သေချာမမြင်ရသလိုပဲ "
" ငါကတော့ မင်းကိုရှင်းရှင်းလင်းလင်းမြင်နေရတယ်၊မင်းကလွဲပြီး ဘာမှမမြင်နိုင်တော့တဲ့အထိပဲ "
" အရမ်းတွေ romantic ဆန်နေတာပဲ "
" မကြိုက်ဘူးလား "
" ကြိုက်တယ် "
မာန်....သူ့ရှေ့မှာ တင်ပါးအထိရှည်တဲ့အင်္ကျီအပွလက်ရှည်နဲ့ အနက်ရောင်ဘောင်းဘီတိုသာ ဝတ်ဆင်ထားတဲ့ သွေးကိုအသည်းယားလာတာမို့ပါးလေးတွေကို ဆွဲနမ်းမိသည်။သူလုပ်သမျှအပြုအမူတွေကို ပြုံးပြီးကြည့်နေတဲ့ သွေး။ထိုအချိန် နှင်းဆီနံ့သင်းသင်းလေးကမာန့် ရဲ့နှာခေါင်းထဲသို့ တိုးဝင်လာသည်။
" သွေး.... မင်းရေမွှေး ဆွတ်ထားတာလားလား "
" မဆွတ်ပါဘူး။စောနက မင်းပြန်မ
လာခင်ကတော့ငါခေါင်းလျှော်ထားသေးတယ် "" အဲ့ဒါကြောင့် နေမှာ။မင်းဆီက အမွှေးနံ့ရနေတာ "
" ငါ့လည်ပင်းလည်း မင်းလုပ်တာနဲ့နီရဲနေလောက်ပြီ "
" ငါနဲ့အတူ ရေစိမ်ရအောင် "
" ငါစောနက ရေချိုးပြီးပြီ "
" ထပ်ချိုးတော့ ပိုကောင်းတာပေါ့ "
" မာန်....မာန် "
သူ့ကို ဒူးကောက်ကွေးနေဆွေ့ကနဲ ချီလိုက်တဲ့ မာန့်ကြောင့် တားချိန်တောင်မရလိုက်။မာန် ကရေချိုးခန်းထဲရောက်တာနဲ့သူ့ကိုကြွေရေချိုးဇလုံထဲအသာအယာချပြီးနောက် သူ့ရှေ့တွင်ပင်အဝတ်တွေ
ချွတ်နေသည်။ဒီအခြေအနေက သွေးအတွက်အနည်းငယ် ရှက်ရွံ့စေသလိုပင်။ဘယ်လောက်ပဲအတူနေခဲ့ဖူးသည်ဆိုစေဦးတော့ သွေးအတွက်တော့အခုထိအသားမကျနိုင်သေးပါ။

YOU ARE READING
မင်းဖန်ဆင်းတဲ့ ရင်ခုန်သံ
RomanceMain Lead Couple " ငါမင်းကို ချစ်မိနေတာကြာပြီလို့ပြောရင်မင်းဘာလုပ်မှာလဲ" * ကောင်းကင်မာန်* { Age - 26 Occupation - Chef Clothing Style - Freestyle & Well-dressed } " ငါတို့က သူငယ်ချင်းတွေလေ " ...