အရှေ့မြေရိုင်းဒေသ။ ကောင်းကင်ဘုံပြုပြင်ရေးဂိုဏ်း
ကျီရှ(ခရမ်းတောင်တိမ်တိုက်)တောင်ထိပ် အပေါ်ရှိ ပျက်စီးယို့ယွင်းနေသော သစ်လုံးအိမ်လေးထဲ၌ ယဲ့ချိုးတစ်ယောက် အိပ်ယာထက်တွင် တွေဝေငေးငိုင်ရင်း ထိုင်နေသည်။
" ပြီးသွားပြီ.. "
"ကြည့်ရတာတော့ ငါလေး အချိန်ကူးပြောင်းလာတာပဲ "
ဘေးနားရှိပြတင်းပေါက်ကို ဖွင့်လ်ိုက်ပြီး ခရမ်းတောင်သန်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လ်ိုက်သည်။
ဝေးကွာသော မိုးကောင်းကင်ထက်တွင် လူများ အချိန်နှင့်အမျှ ပျံသန်းသွားလာနေကြသည်မှာ မြင့်မြတ်သောကုန်းမြေရှိ အင်မော်တယ်မိသားစုများ၏ ခမ်းနားသော ပုံရိပ်များပင်ဖြစ်သည်။
နေ့တစ်ဝက်လောက် အခ်ျိန်ယူပြီးနောက်မှ ယဲ့ချိုးတစ်ယောက် ဖြစ်ရပ်မှန်ကို လက်ခံလိုက်ရတော့သည်။
သူသည် အားကြီးသူကအနိုင်ဖြစ်သည့် တောရိုင်းဥပဒေသသာရှိသော ကျင့်ကြံသည့်ကမ္ဘာကြီးဆီသို့ အချိန်ကူးပြောင်းလာခဲ့သည်။
လက်ရှိ သူ၏ပုံရိပ်မှာ ကောင်းကင်ဘုံပြုပြင်ရေးဂိုဏ်း၏ ခေါင်းဆောင် ခုနှစ်ဦးအနက် တစ်ဦးဖြစ်ပြီး ကျီရှတောင်၏ တစ်ဆယ့်ရှစ်ယောက်မြောက် မျိုးဆက်ဖြစ်သည်။
"သူ့အဆင့်အတန်းကို ကြည့်ရတာတော့ ကျိန်းသေ မြင့်မြတ်သားပဲ.. ဒါပေမယ့် ကံဆိုးချင်တော့ သူက စစ်တပ်မရှိတဲ့ တပ်မှူးလေးသာသာပဲ "(အရည်အချင်းမရှိလို့)
ယဲ့ချိုးတစ်ယောက် ခေါင်းခါရင်း သူ့ဟာသူ ရေရွတ်နေလိုက်သည်။
သူ့ဆရာဖြစ်သူ ကျန်းရန်ရွှယ်ထန်းမှာ သူ့ဘဝတစ်လျှောက်လုံး အရူးသဖွယ်ကျင့်ကြံနေခဲ့ပြီး မသေမျိုးအဖြစ်ကို စိတ်ရောကိုယ်ပါနှစ်ပြီး လေ့လာလိုက်စားသူဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံး ခြေကုန်လက်ပန်း ကျတဲ့အထိ ကြိုးစားအားထုတ်ပြီးနောက် အဆုံးသတ်မှာတော့ မသေမျိုးတစ်ယောက် မဖြစ်ခဲ့ချေ။ သူသည် ကျီရှတောင်၏အမွေကိုမဆုံးရှုံးစေချင်သောကြောင့် ယဲ့ချိုးအား အလုပ်သင်အဖြစ်လက်ခံခဲ့သည်။
YOU ARE READING
ရက်ရောလွန်းတဲ့ဆရာကြီး(ယဲ့ချိုး) ရက္ေရာလြန္းတဲ့ဆရာႀကီး(ယဲ့ခ်ိဳး)
Fantasyဇာတ်လမ်းအကျဉ်း ယဲ့ချိုးသည် အလွန်ဝေးကွာလှသည့် တောရိုင်းဥပဒေသစိုးမိုးရာ မြေရိုင်းကမ္ဘာကြီးဆီသို့ ဝိညာဉ်ကူးပြောင်းသွားပြီးနောက် အဆတစ်သောင်း ပြန်ရသည့် စနစ်အား ရရှိခဲ့သည်။ အလုပ်သင်အား သင်ကြားပေးခြင်း သို့မဟုတ် လက်ဆောင်ပေးခြင်းအားဖြင့် သင့်ကို အဆထောင်ပေါင...