အခန်း၂။ ငါ့ကို မင်းဆရာအဖြစ် ခံယူဖို့ ဆန္ဒရှိသလား

127 3 0
                                    

တောင်ထွတ်သခင်အားလုံးလည်း သူတို့၏ခုံမှာတွင် နေရာအသီးသီး ယူပြီးကြလေပြီ။ ထောင်ထွတ်သခင်များကိုကြည့်ပြီး အောက်ဘက်တွင်ရှိသော လူငယ်လေးများ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်ရောင်ခြည်များ ပြည့်နှက်နေကြသည်။ ကြီးမြတ်သော မြေရိုင်းနိုင်ငံသားများအနေနဲ့ ကျင့်ကြံခြင်းဟူသည် လူတိုင်း၏ဘဝတစ်လျှောက် အိမ်မက်ပင်ဖြစ်သည်။ သူတို့သည် အင်မော်တယ်ဂိုဏ်းကို အမှန်တကယ် ဝင်ရောက်နိုင်သည့်နေ့ကို မျှော်လင့်နေကြသည်။

"မြင့်မြတ်တဲ့အရှင် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို ကူညီပါ..." တိတ်ဆိတ်နေသော ခန်းမထဲတွင် လူငယ်လေးတစ်ဦးသည် လူအုပ်ကြားမှထွက်လာခဲ့သည်။ သူသည် မြေပေါ်တွင် ဒူးထောက်ပြီး ရှုိက်ကြီးတငင်ငိုလေသည်။

သူ၏ဦးဆောင်မှုနှင့်အတူ အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး မုံ့ထန်းကျန်ဆီ၌ သူတို့အားတရားမျှတမှု ရှာပေးပါရန် တောင်းဆိုကြလေသည်။ အဆုံးမှာတော့ သူတို့ခမျာ မိသားစုအား ပျက်စီးစေသော ဘေးဒုက္ခတစ်ခုအား ကြုံဖူးခဲ့ကြရလေသည်။ လူတိုင်း၏ စိတ်နှလုံးမှာလည်း နာကျင်နေရသည်။

လူငယ်လေးသည် ပူဆွေးသောကရောက်သကဲ့သို့ သူ့၏စိတ်ခံစားချက်ကို ထိန်းချုပ်မှုပျောက်ဆုံးသွားပြီး မရည်ရွယ်ဘဲ စွဲဆောင်မှုရှိသောလက္ခဏာကို ထုတ်ဖော်မိသွားသည်။ ၄င်းသည် သူ၏ မျက်ခုံးနှစ်ခုကြားတွင် ပုန်းကွယ်နေသည်။ ထိုအရာကို တစ်စုံတစ်ယောက်က ဂရုမစိုက်ဘဲကြည့်လျှင်တော့ မမြင်နိုင်ချေ။

ထိုအရာကို ဆရာသခင်များက မြင်သောအခါ သူတို့၏မျက်လုံးများမှာ အရောင်တောက်လာသည်။ ဤသည်မှာ အရောင်မတင်ရသေးသော ကျောက်စိမ်းတုံးတစ်တစ်တုံး ဖြစ်နေသဖြင့် သူ့အား လ်ိုချင်နေကြတော့သည်။

"ဟူး..ငါ့ရဲ့သနားစရာကလေးတွေ အရင်ထကြပါဦး" လူအိုကြီးမုံ့ထန်းကျန်က ကောင်းမွန်သောအသွင်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူလည်း တစ်နေကုန် တောင်ခြေရင်းတွင် ဖြစ်ပွားခဲ့သည် သားရဲအဓိကရုဏ်းနှင့် ပတ်သက်သည့် သဲလွန်စကိုရှာဖွေသော်လည်း မတွေ့သေးချေ။

ယခု တောင်ထိပ်အသီးသီးမှ သခင်များကို ခေါ်ရခြင်းအကြောင်းမှာ ဤမိဘမဲ့ကလေးများကို နေရာချထားပေးဖို့ ဆွေးနွေးရန်ဖြစ်သည်။

ရက်ရောလွန်းတဲ့ဆရာကြီး(ယဲ့ချိုး) ရက်ရောလွန်းတဲ့ဆရာကြီး(ယဲ့ချိုး)Where stories live. Discover now