အပိုင်း(၁၈)

21.7K 883 4
                                    

Unicode

လျှမ်းပအား ပြန်ပေးဆွဲခံပြီးစဉ်ကတည်းက သူ့စိတ်တွေ ပုံမှန်မဟုတ်တော့မှန်း သတိထားမိသည်။ ထိန်းချုပ်ထားရသော သားရဲတကောင် လွှတ်ထွက်သွားသည့်နှယ်။ ဘေးကင်းစွာ အိမ်‌ပြန်ရောက်သိတိုင် သူ၏စိတ်အတွင်းမှ သားရဲကြီးမှာ အရှိန်မပျယ်ပုံရသည်။ ယနေ့ လျှမ်းပထံမှ သူ့သူငယ်ချင်းအား သွားတွေးအုံးမည်ပြောသည့်အခါတွင် ပြန်လည်ထကြွလာပုံရသည်။ နေ့နေ့ညည ထိုကလေးအား သူ့မျက်စိရှေ့မှ အပျောက်မခံကာ ထားမိသည်မှာ သူ၏ မလျော့ကျသွားသောပူပန်စိတ်ကြောင့်ဖြစ်သည်။ သူ အတွေးလွန်နေမှန်း သိသော်ငြား မသိစိတ်ကပင် ထိုသူအား သူ့‌ရှေ့မှာထားမှပင် လုံခြုံသည်ဟု ခံစားရသည်။

သူ့အတွက် လျှမ်းပမှာ တချက်ကလေး လွှဲမှားလိုက်သည်နှင့် ပျောက်ကွယ်သွားတော့မည့် ပူဖောင်းလေးနှယ်။ သူထိုကလေးအား ချစ်လှ၏။ အလွန်မြတ်နိုးရ၏။ ထို့သို့သော စိတ်မှာ ရူးသွပ်လုမတန့်ဖြစ်ခဲ့လေပြီ။ သူမျက်စိရှေ့မှ ခနပျောက်ရုံဖြင့် အပင်ပေါ်မှ ပြုတ်ကျလာသော သူအား တွေ့လိုက်ရသည်မှာ သူ၏ တဖတ်သတ်ရူးသွပ်မှုအား ပိုမိုခိုင်မာသွားရန် မီးပင့်ပေးနေသည်။

ထိုညက ကလေးငယ်၏ လည်ပင်းထက်မှ ဓားသွားသည် ယခုထက်ထိ သူ့နှလုံးသားအား ထောက်ထားဆဲပင်။ ထိုဓားသည် အမြဲတစေ သူ့အား ခြိမ်းခြောက်ရန်အသင့်ဖြစ်နေဟန်။

အပင်ပေါ်မှကျလာသည့်သူအား ဖမ်းလိုက်နိုင်သည့်တိုင် သူစိတ်တွင်းမှ သားရဲကိုတော့ဖြင့် လွှတ်ပေးလိုက်မိသည်။ ထိုကလေးအား မထနိုင်သည်အထိရယူကာ အပြစ်ပေးခဲ့သည်။ သူထံတွင် ထိုကလေစအား သူ့မျက်စိရှေ့တွင်သာ ဖမ်းထားလိုသည်။ အရာရာတိုင်းဟာ ထိုကလေးငယ်အတွက် အန္တရာယ်ရှိစေနိုင်သလို စိတ်မချလက်မချဖြစ်စေသည်။ ထိုကလေးအား မည်သည်ကမျှမနှောက်‌ယှက်နိုင်စေရန် ပိတ်လှောင်ကာ ဖွတ်ထားချင်သည်။ ထိုသူလေးက အဆော့မက်လွန်းသောကြောင့် ထိုသူလေး ခြေလက်များကိုပင် ချည်နှောင်ထားချင်မိသည်။

ထိုသို့သော အတွေးရိုင်းများမှာ သူ့ဦးနှောက်တလျှောက်လည်ပတ်စီးဆင်းနေသည်။ သူအမြဲ ထိုကလေးအား မျက်စိရှေ့မထားနိုင်ချေ။ ယခုတွင်လဲ မဖြစ်မနေ သွားရမည့်အရေးပေါ်လာသည့်အခါ သူစိတ်လွှတ်သွားပုံရသည်။ ထိုကလေးအား အခန်းအတွင် သော့ခတ်ထားခဲ့သည်။

မူယာ၊မာယာတွေ ပိုလွန်းတယ် (Complete)Tempat cerita menjadi hidup. Temukan sekarang