🌸မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ🌸{Unicide}
{အခန်း၂}
"အာ့ ဖယ်စမ်း!..ဖယ်စမ်း ငါ့ကိုလွှတ်စမ်း သေနာ!!..."
ခွမ်း!!...
အာ့..
ဆွဲမိဆွဲရာဆွဲလိုက်ရာ လက်ထဲပါလာသည်ကပုလင်းတစ်လုံးဖြစ်နေရာ ထိုပုလင်းဖြင့်သူ့ခေါင်းအားထပ်ရိုက်ချပစ်လိုက်သည်။
"တောက်!!မင်း"
ထပ်၍သွေးထွက်သွားသည့်ခေါင်းကိုလက်ဖြင့်ဖိရင်းဒေါသတကြီးစိုက်ကြည့်မိတော့သူ့ကိုပြန်စိုက်ကြည့်နေသည့်မျက်ဝန်းတစ်စုံ ထိုမျက်ဝန်းတစ်စုံဟာအကြောက်လန့်ကင်းမဲ့နေပြီးနာကျည်းချက်များပြည့်နှက်နေသည်။
ဒေါက်...ဒေါက်...
"အကိုလေး!!..သခင်ကြီးရောက်နေပါတယ်"
"အေး အခုပဲလာခဲ့မယ်"
အပြင်ဘက်မှ တေဇအသံကြောင့်ချက်ချင်းပြန်ဖြေရင်းထိုင်နေရာမှ ထရပ်လိုက်သည်။
"မင်းခဏနေမှတွေ့မယ်"
သူမပါးနှစ်ဖက်ကိုဆွဲညှစ်ကာပြောရင်း သွေးထွက်နေသည့်နေရာများကိုသုတ်လိုက်ရင်း မမြင်ရအောင် ဆံပင်များဖြင့်အမြန်ဖုံးလိုက်ကာ အခန်းတွင်းမှထွက်ရန်ပြင်လိုက်သည်။
"အကိုလေးဆိုတဲ့ဟိုအကောင်!!..အယုတ်တမာကောင်"
အခန်းတံခါးဖွင့်ခါနီးအော်လိုက်သည့်သူမအသံကြောင့် ကမ်းရီချင်စိတ်ကိုထိန်းရင်းသူမဆီပြန်လျှောက်လာလိုက်ကာသူမမျက်နှာရဲ့အနီးဆုံးကိုတိုးကပ်လိုက်ကာခပ်တိုးတိုးပြောလိုက်သည်။
"ငါ့နာမည်ကဟိုအကောင်လဲမဟုတ်ဘူးအယုတ်တမာကောင်လဲမဟုတ်ဘူးမင်းမှတ်ထားလိုက်ငါ့နာမည် မိုးထိကမ်းနား"
"ထွီ...အောက်တန်းစား မိုးထိကမ်းနား!!..."
"အဟက်!!..."
တတွေးကိုထွေးထုတ်ရင်း ပြောနေပုံကတစ်ကယ်ကိုပင်အကြောက်လန့်မရှိပေ။ဒီလောက်ထိအကြောက်လန့်ကင်းမဲ့နေသည့်အမျိုးသမီးကို ကမ်း ဒီတစ်ခါပဲတွေ့ဖူးသေးသည်။သေနတ်ပြခြိမ်းခြောက်လဲမရ ဘယ်အရာနဲ့မှခြိမ်းခြောက်၍ မရသည်မို့ ဒီမိန်းကလေးကို ပိုစိတ်ဝင်စားခဲ့ခြင်းပင်။
VOUS LISEZ
မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}
Roman d'amour"ဖွဲ့နွှဲ့မမှီဆိုတဲ့မင်းကို ငါပဲထိမယ် ငါပဲကိုင်မယ် ငါပဲရိုက်မယ် ငါပဲနှိပ်စက်မယ် ငါပဲချစ်မယ်" "အောက်တန်းစားလူယုတ်မာ" "အဲ့အောက်တန်းစားကောင်က မင်းလင်လေ"