First meeting ✨

116 19 4
                                    

Jw's dad:ဂျောင်ဝန်းနား သားဒီနေ့ကျောင်းစတက်ရမယ့်ရက်မလား ထတော့လေသားရဲ့
Jungwon:သားအဆင်သင့်ဖြစ်နေပါပြီဒယ်ဒီရဲ့၊ဒီနေ့ကဒယ်ဒီသားရဲ့ first day of new school လေ ဟဲဟဲ

(​Jwရဲ့အမေကဂျောင်ဝန်းငယ်ငယ်ကတည်းက ကင်ဆာရောဂါနဲ့ဆုံးပါသွားပြီး အဖေကပဲဂျောင်ဝန်းလေးကိုနောက်အိမ်ထောင်မပြုပဲအဖေလိုတစ်မျိုးအမေလိုတစ်မျိုးပြုစုစောင့်ရှောက်ပေးခဲ့သည်။အမေရဲ့ဆုံးမမှုမရှိဘဲအလိုလိုက်အကြိုက်ဆောင်ဘဝနှင့်ကြီးပျင်းခဲ့ရသော်လည်းဂျောင်ဝန်းသည်ဆိုးသွမ်းခြင်းမရှိလိမ္မာသောသားတစ်ယောက်ဖြစ်၏။)

Jw's dad: ငါ့သားလေးကဒယ်ဒီကတောင်ပြောတာနောက်ကျနေသေးတယ်ကျောင်းသွားတာဒီလောက်တက်ကြွနေပုံအရတော့အဲကျောင်းမှာကောင်မလေးရှိမယ့်ပုံပဲ😁

Jungwon:ဘယ်ကသာဒယ်ဒီရာသားကအခုမှကျောင်းအသစ်ဆိုတော့ဘာမှမသိဘူးလေအာ့ကြောင့်ပတ်ကြည့်ချင်လို့စောစောသွားမလို့ပါဗျ။

Jw's dad:ဟုတ်ပါပြီဗျာမနက်စာလာစားပါအုံး။
ဂျောင်ဝန်းလဲအိမ်အကူအန်တီကြီးပြင်ပေးတဲ့ coffee နဲ့ပေါင်မုန့်​​စားပြီးဒယ်ဒီကားနဲ့ကျောင်းကိုလာခဲ့လိုက်တော့သည်။

တစ်ဖက်တွင်.....
ဟယ်မီတစ်ယောက်ကျောင်းသွားဖို့အဆင်သင့်ဖြစ်နေပြီမို့လွယ်အိတ်ပြင်ပြီးနားကျပ်လေးတက်ကာကျောင်းသို့လာခဲ့သည်။
ဟယ်မီအတွက်ကတော့ ကျောင်းပထမဆုံးရက်ဟာရင်ခုန်စရာမကောင်းပါ။ ဘာလို့ဆိုသူများတွေလိုသူငယ်ချင်းများဖြင့်နွေရာသီမှာဘာလုပ်ခဲ့တယ်ဘယ်သွားခဲ့တယ်အစရှိသဖြင့်စကားဖောင်ဖွဲ့စရာအပေါင်းအသင်းမရှိသောကြောင့်ဖြစ်သည်။

At school......

ဂျောင်ဝန်းတစ်ယောက်ကျောင်းတစ်ပတ်လျှောက်ကြည့်ပြီးအခန်းသို့သွားမယ့်လမ်းတွင်ကောင်မလေးတစ်ယောက်နှင့်ဝင်တိုက်မိလေသည်။(တိုက်မိမှာပေါ့ကြောင်မျက်လုံးလေးနဲ့ပတ်ငေးနေတာနေမှာပေါ့😆😆)

ကောင်မလေးသည် ဆံပင်လေးကိုတစ်လွှာလေးစည်းထားပြီးမျက်နှာမှာလည်းဘာမိတ်ကပ်မှမရှိဘဲသဘာဝအတိုင်းဖြူဖွေးတဲ့အသားအရည်၊ပန်းရောင်သန်းနေတဲ့နှုတ်ခမ်းပါး၊ကြည်လဲ့နေသောမျက်လုံးလေးဖြင့်လှချင်တိုင်းကိုလှနေသည်။
သို့သော်ကောင်မလေးသည်အရီအပြုံးမရှိအေးစက်သောမျက်နှာထားနှင့်ခပ်တည်တည်ဖြစ်သည်။

Jungwon:အာ..တောင်းပန်ပါတယ်နော်ကျွန်တော်အခုမှအသစ်ဆိုတော့လျှောက်ပတ်ကြည့်ရင်းငေးပြီးလမ်းလျှောက်လာတာဆိုတော့မမြင်ဘဲဝင်တိုက်မိသွားတာပါ။တကယ်ကိုတောင်းပန်ပါတယ်နော််။
သို့သော် ကောင်မလေးမှာဘာမှပြန်မပြောဂျောင်းဝန်းကိုတစ်ချက်ပဲကြည့်ပြီး နားကျပ်ကိုပြန်တပ်ကာထွက်သွားလေတော့သည်။

Jw mind pov(ဝါးးးးးရုပ်လေးလှပြီးဆက်ဆံရေးမကောင်းဘူးပဲ။ ပြုံးပြုံးလေးသာနေရင်ဘယ်လောက်တောင်လှလိုက်မယ့်မျက်နှာလေးလဲ😅 အားးး ယန်းဂျောင်ဝန်းမင်းရင်ခုန်သွားတာလားဟ။)

ဂျောင်ဝန်းရင်ထဲမှာလိပ်ပြာအကောင်တစ်သန်းလောက်ပျံသွားတဲ့ခံစားချက်ကြီးကိုခံစားလိုက်ရသည်။သူသည်ဒီခံစားချက်ကြီးကိုမရင်းနှီး၊မျက်နှာမှာလဲ ခရမ်းချဥ်သီးပမာရဲတွတ်နေလေပြီ။ကောင်မလေးကတော့အေးစက်စက်နိုင်တော့သူ့လိုခံစားရမလား​တွေးရင်းနဲ့ပဲသွားရမယ့်အခန်းကိုစုံစမ်းပြီးသွားခဲ့တော့သည်။

ပထမဆုံး fic လေးရေးဖူးတာဖြစ်တာကြောင့်လွတ်လပ်စွာဝေဖန်အကြံပြုလို့ရပါတယ်ရှင့် ><

ပထမဆုံး fic လေးရေးဖူးတာဖြစ်တာကြောင့်လွတ်လပ်စွာဝေဖန်အကြံပြုလို့ရပါတယ်ရှင့် ><

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Please Let Me Love You💟Where stories live. Discover now