Unicode
အစည်းအဝေးခန်းထဲမှာ အားလုံးက project များကို အာရုံစိုက်နားထောင်နေကြသည်ဆိုပေမဲ့ အာရုံလွင့်နေသည်က Lisaဖြစ်သည်
"ဟင်း"
Jennieအကြောင်းတွေးပြီး စိတ်ထဲမှာပြုံးမိနေတာက အပြင်မှာပါရောက်သွားသည်ထင်သည် ရယ်သံကမဆိုသလောက်လေးထွက်သွားသည် ဒါကြောင့် Lisaဘေးက Rosé က Lisaပေါင်ကို ခုံအောက်ကနေနာနာရိုက်ပစ်ရော
"အ့"
Lisaလဲအသိစိတ်ဝင်လာပြီး Project ကိုအာရုံစိုက်နားထောင်နေလိုက်သည် ဒါပေမဲ့လဲ တင်ပြလို့ပြီးသွားပါပြီ
"အဲ့အကြံမဆိုးပါဘူး တခြားကိုယ်စားလှယ်တွေရော ဘယ်လိုထင်ကြလဲမသိဘူး"
"ကျွန်မကတော့ Design ပိုင်းကိုပြန်ပြင်....."
Mr.Janeက Italy နိုင်ငံကိုယ်စားလှယ်နှစ်ယောက်ရှင်းလင်းတင်ပြတဲ့ Project ကို တခြားလူတွေအမြင်ကိုမေးတဲ့အခါ Rosé ကအသံထွက်လာပေမဲ့ တဝက်တပြတ်မှာတင်ရပ်သွားသည်
သူ့ဘေးကLalisaက သူ့ခြေထောက်ကိုဖိပစ်တာကိုး Roséမှာစကားမဆက်နိုင်ပဲ နာရီကိုကြည့်လိုက်ရသည် ဟုတ်ပါသည် 2နာရီထိုးနေပြီ
"ဟိုလေ Miss Park ကဘာဖြစ်လို့ပါလဲ"
အတော်ကြာအောင်ငြိမ်သက်နေတော့ Mr.Jane ကမေးလိုက်သည်
"Design ပိုင်းကိုတော်တော်ကြိုက်တယ်လို့ပြောတာပါ ကျွန်မကိုtoilet သွားခွင့်ပြုလို့ရမလား"
"ဟုတ်ကဲ့ သွားပါ"
Rosé မြန်မြန်အစည်းအဝေးခမ်းမထဲကထွက်လာသည် ဘယ်ကစပြီးရှာရမလဲလို့တွေးလိုက်တော့ ခေါင်းထဲမှာဗလာကြီးဖြစ်သွားသည် အိမ်ကRoséတို့အိမ်လောက်မကြီးပေမဲ့ ဖိတ်စာတွေကိုရှာဖို့ဆိုတာ တကယ်ကြာမည်ဖြစ်သည်
"အာ တကယ်ပါပဲ ဖိတ်စာမရိုက်ရသေးရင်လဲဒုက္ခ"
လှေကားမှာရပ်နေရင်းကနေ အပေါ်ပြန်တက်ပြီး စာကြည့်ခန်းထဲပြန်ဝင်လိုက်သည် ဖိတ်စာကရှိရင်တောင်မှ စာကြည့်ခန်းထဲမှာရှိဖို့များသည်
စာအုပ်စင်ပေါ်မှာမရှာတော့ပဲ စာကြည့်စားပွဲပေါ်မှာ ဟိုရှာဒီရှာနဲ့ စာအုပ်တွေကြားထဲပါရှာလိုက်သည် စာရွက်တွေကိုထပ်ထားတဲ့ထဲလဲရှာကြည့်သေးသည်
YOU ARE READING
Loco
Fanfictionကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo]