part4(uni)

86 9 0
                                    

ကျောင်းပိတ်ရက်အတွင်း သွားဖို့စီစဥ်ထားကြသည့်ခရီးက ဟာဝိုင်အီ ။ ဒီတခါတော့ သူတို့အဖွဲ့ထဲလူတယောက်တိုးလာပါသည်။ Hoseok hyungရဲ့လူ။

ခရီးမသွားခင် ၄ရက်လောက်အလိုမှာ သူတို့အဖွဲ့ စုံကြသေး၏ ။ ထုံးစံအတိုင်းတွေ့နေကျ coffeeဆိုင်တွင်ချိန်းထားကြပြီး ကိုယ်စီဖုန်းသုံးနေကြသည်။မတွေ့ရရင်လဲမနေနိုင် ။ တွေ့ရပြန်တော့လဲမမြင်ချင်။
သူတို့အဖွဲ့ကအဲ့လိုဖြစ်၏။

" ဟာဝိုင်အီသွားရင် ငါ့အသိတယောက်လဲပါမယ်နော်"

Hoseok ရုတ်တရက်ပြောလိုက်သောစကားကြောင့် ဖုန်းကြည့်နေကြသောခေါင်းများမော့လာကြသည်။

"ဘယ်သူတုန်း မိန်းကလေးဆိုမရဘူးနော် ရှုတ်ရှုတ်ရှပ်ရှပ်"

အအေးကိုပိုက်ဖြင့်စုပ်သောက်လိုက်ရင်း Yoongiပြောလိုက်သည် ။ Yoongiစကားအားကျန်လူများကလဲခေါင်းငြိမ့်ထောက်ခံကြသည်။

"မဟုတ်ပါဘူး...။ ကျွန်တော့်အသိယောကျာ်းလေးပါ။
ဒီနေ့တောင်သူ့ကိုခေါ်ထားတယ် မင်းတို့နဲ့မိတ်ဆက်ပေးမလို့"

ထိုစကားကြောင့် သူတို့လဲဘာမှဆက်မပြောကြတော့ပါ။ လိုက်မယ်ဆိုလဲလိုက်ပေါ့ ။ Hoseok ကိုယ်တိုင်က လိုက်ခိုင်းတာဆိုတော့ သူတို့အနေနဲ့ အထွန့်တက်စရာမရှိ။

အဲ့နေ့ကစ၍သူတို့အဖွဲ့ထဲလူတယောက်တိုးလာခဲ့ပါသည်။ နာမည်က ဂွမ်ဆုန်းဟွမ်တဲ့ ။

ဂွမ်ဆုမ်းဟွမ် ကိုသိလိုက်ရသလို နောက်တခုလဲထပ်သိလိုက်ရပါသည်။ အဲ့တာကတော့ ဆုန်းဟွမ်နဲ့ ဟိုဆော့ တို့ရဲ့ ဇာတ်လမ်းရှိလာတော့မည်ဟူ၍ပင်။

....................Hawaii🌋......................

"ထယ်..ဟိုရောက်ရင် မောင့်အနားကနေ ခြောက်လက်မတောင်ခွာဖို့မစဥ်းစားနဲ့နော်"

ခရီးသွားခါနီး Taehyung အား suncream  လိမ်းပေးနေရင်းJungkookပြောလိုက်သည်။ သူ့အလှလေးကိုဖြစ်နိုင်ရင် ပါးစပ်ထဲငုံထားချင်ပါ၏။ နဲနဲလောက်လွှတ်ပေးလိုက်တာနဲ့ လှစ်ခနဲပျောက်ပျောက်သွားတတ်လို့ စိတ်မချရတာလဲမလွယ် ။ တကိုယ်လုံးကို အဝတ်တွေနဲ့ဖုံးထားရင်တောင် ခန္ဓာကိုယ်ဖွဲ့စည်းပုံလေးကအစ ချစ်စရာကောင်းနေတော့ သူ့မှာအနားကမခွာရဲ ။

Bangtan LifeWhere stories live. Discover now