သာယာတဲ့မနက်ခင်းလေးနဲ့အတူလန်းဆန်းတက်ကြွစွာနိုးထလာတဲ့အလင်းရောင် လေး
သူကတော့တစ်အိမ်လုံးရဲ့ အချစ်တော်ကြီးပေါ့"သားရေ ထတော့ဟေ့ နေဖင်ထိုးနေပြီ မြန်မြန်ထ ထမင်းစားတော့မယ်"
ဟုအောက်ထပ်မှမေမေကလှန်အော်၏
စောနိုးနေပြီဖြစ်တဲ့ အလင်းရောင်ကတော့အခန်းအပြင်ကို သွက်သွက်ထွက်လာ၍ မေမေကိုပြန်၍ လှန်ပြော၏"ထပါပြီမေရဲ့ ဒါနဲ့လေ နေကဖင်ကိုမထိုးဘူး ဟီးဟီး..မျက်နှာကိုထိုးတာ"
မေမေက အလင်းအား ပြုံးရောင်သန်းတဲ့မျက်စောင်းနဲ့ကြည့်လိုက်၏
အလင်းကလည်း ရီကာ လှည်ကုတ်ရင်းအိမ်အောက်ထပ်က ထမင်းစားခန်းဆီသို့ဆင်းလာ၏
အလင်း၏ ကိုယ်ပေါ်တွင် ဝါးချည်အနက်ဘောင်းဘီရှည်နှင့် လက်ရှည်အပါး အဖြူစွတ်စွတ်ကိုတွဲဝတ်ထားပြီးအိပ်ယာမှပြေးထွက်လာသောကြောင့်ဆံပင်ရှုပ်ပွနေ၏
အောက်ထပ်ရောက်တော့မေမေကဆံပင်သေချာရှင်းပေးပြီး ထမင်းစားဝိုင်းသို့ဝင်ထိုင်ကျ၏"မေမေ သားလေ အလုပ်တစ်ခုလုပ်ရင်ကောင်းမလားလို့ စဥ်းစားနေတာ"
မေမေ မျက်ခုံးတစ်ချက်ပင့်ကာ
"သားလေးက ဘာအလုပ် လူပ်ချင်တာတုန်း"" မသိသေးဘူးရော ဟီးဟီး ခဏနေ လှနွေးနဲ့သွားစုံစမ်းကြည့်မလို့"
လှနွေးဆိုသူမှာလိမာ ပါးနပ်၏ လူရိပ်လူကဲခတ်တတ်၏ ပွစိပွစိလည်းလုပ်တတ်သေး အလင်းမှာ ရင်စရာဆိုလို့လည်းသူတစ်ယောက်ထဲသာရှိ၏
မေမေကလည်း နွေး နဲ့သာဆိုရင်စိတ်အချဆုံးဖြစ်၏"ဟုတ်ပါပြီး ဒါပေမယ့် ညစာအမှိတော့ပြန်လာခဲ့ ကြားလာ"
"ဟုတ်ဟုတ်"
ဆိုကာ ေပျာ်လွန်းရဲ့ မေ့မေ့ရဲ့လက်ကိုယူကာဆွဲယမ်းနေမိ၏"ငနွေး.."
"အေး..ပြော.."
"အပြင်သွားရအောင်"
"ဘာဖြစ်လို့..."
"ရှည်တာအေ... မျက်စိအစာသွားကျွေးမလို့ဟေ့ ..လိုက်မှာလာ"
"လိုက်မှာပေါ့ ...ဟဲဟဲ"
"ပြီးရော ငါလာခေါ်မယ်"
YOU ARE READING
မင်းတစ်ယောက်သာ
Romanceအချစ်ဆိုတာဘာမှန်းမသိတော့ကျွန်တော့်ကို ချစ်တတ်အောင်သင်ပေးတဲ့ခင်ဗျားတစ်ယောက်ကိုသာရှိသမျှသောအချစ်တွေအကုန်ပေးချင်တယ် လက်ခံမလားဟင်