*********************ᥫ᭡ᥫ᭡
ပြုံယမ်းနှင့်ဆိုးလ် မြို့ကိုတစ်ခြမ်းဆီနေရာယူတည်ဆောက်ထားသည့် ကိုရီးယားနန်းတော်ကြီး ။
ကိုရီးယားနန်းတော်ကြီးထဲတွင် ယခင်နေ့တွေကထက်အလုပ်ရှုပ်နေကြသည်။
ကိုရီးယားနန်းတော်တင်မဟုတ်... ဖီးနစ်မင်းကြီး၏ လက်အောက်ခံခဲ့သော နိုင်ငံရှိတဲ့သူများအားလုံး...ယနေ့ပွဲတော်အတွက်ပြင်ဆင်ရင်း ပြာပန်းခတ်သွားလာနေကြသည်။အကြောင်းကတော့ လနတ်ဘုရားမ ၏မေတ္တာကိုခံယူသောချိုဆော့ပွဲနေ့ ...။လူအများယုံကြည်ရာ...နေနတ်ဘုရားရဲ့ကြင်ဖက်ဖြစ်သော လနတ်ဘုရားမ...။
တနည်းအားဖြင့် ဧကရာဇ်ရဲ့ ဧကရီကို လနတ်ဘုရားထံ အပ်နှင်းရသောနေ့ ...။
ဧကရာဇ် ဂျွန်ဒယ်ဟန်သည်နန်းတက်ပြီးတစ်နှစ်အကြာတွင် နတ်ဘုရားတို့၏ရွေးချယ်ပေးမှု သို့တည်းမဟုတ် သူ၏ချစ်ခင်ဆုံမက်ရသော ကိုယ်လုပ်တော်ဂျွန်ဂျီဆွန်းကို ဧကရီတင်မြှောက်ခဲ့သည် ။
ဘုရင်တွင် မိဖုရားတစ်ပါးသာ။
သို့ပေမယ့် ဧကရီနတ်ရွာစံရင်တော့ ဒုတိယအကြိမ်မိဖုရားမြှောက်ခွင့်ရှိသည်။ မိဖုရားမြှောက်ကိုမြှောက်ပေးရမည်။ တိုင်းပြည်အတွက်မိခင်လိုအပ်သည်ကြောင့်ပင်။ဧကရီဂျွန်ဂျီဆွန်းကို မိဖုရားရာထူး တင်မြှောက်ပြီး 6လအကြာတွင် ချိုဆော့ပွဲ ကျရောက်ခဲ့သည် ။
သုံးနှစ် တစ်ကြိမ်သာပြုလုပ်လေ့ရှိသော ချိုဆော့ပွဲနေ့သည် လူသားတို့၏ ယုံကြည်ရာဇာမဏီဖီးနစ်ငှက်ကြီးသန္ဓေတည်သောနေ့လဲဖြစ်ခဲ့၏။
ထို့ကြောင့် ယနေ့တွင် ကိုရီးယားသာမက ဖီးနစ်ငှက်အရှင်အုပ်ချုပ်ခဲ့သည်ဟုယုံကြည်ကြသောနိုင်ငံများတွင်လဲ ပျော်ရွှင်စွာကျင်းပကြမည်။ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် ရှေးခေတ် လူမျိုးတို့၏ ရိုးရာဓလေ့ယုံကြည်မှုသည် ယခုထိတိုင် တည်မြဲလျှက်...။
..............................ᰔᩚ
" အဆင်သင့်ပဲလား ဆော့ဂျင် "
နိုင်ငံခြားရေးရာဝန်ကြီး ကင်နမ်ဂျွန်း သည် သူ၏အမျိုးသားဖြစ်သော ဆော့ဂျင်အား မေးလိုက်ခြင်းပင် ။မိတ်အဖြစ် အပိုင်သိမ်းပြီးမှ တနေ့တခြားပို၍လှလာပါသော ချစ်ရသူလေး ။
လက်ထပ်ပြီး 2နှစ်ခွဲအကြာ ထူးခြားစွာ စိုးလအီပွဲနေ့။
_______