VIOLATION ( PART 14 )
______________________Yအခန်းတံခါးအားဆွဲဖွင့်ကာရေကန်ထဲရေနွေးနွေးအပြည့်ဖြည့်ပြီးဝင်စိမ်ရင်း ဖိအားများအားလျှော့ကျစေရန်အသက်ကိုခပ်ပြင်းပြင်းရှုရှိုက် မှုတ်ထုတ်လုပ်၍ တဖြည်းဖြည်းစိတ်တည်ငြိမ်အောင်ကြိုးစားနေမိတော့သည်။
"မင်း...
ငါ့လူမှန်းသိရက်နဲ့လိုက်နှောက်ယှက်ရဲတာအံ့ဩတယ်။
ငါ့ရဲ့babyမျက်နှာကြောင့်အလျှော့ပေးထားတာကိုသိပ်ရောင့်တတ်မလာနဲ့ ခိုင်ဧဒင်မျိုး။
ငါကနင့်မျိုးကိုပြုတ်သွားအောင်ဖြုတ်နိုင်စွမ်းရှိတယ်ဆိုတာနင်သိလား။
ငါက babyကြောင့်နင့်ကိုအခုတစ်ကြိမ်ထပ်လွှတ်ပေးလိုက်ပေမယ့်၊နောက်တစ်ခါလွှတ်ပေးမယ်လို့နင်ကိုယ်နင်သိပ်အထင်ကြီးမနေနဲ့။
ငါကဘာကောင်မဆိုတာနင်သိအောင်အရင်စုံစမ်းပြီးမှ ငါ့အပိုင်ကိုလာထိလှည့်။လစ်တော့ ဒီတစ်ခါကစလို့နင့်ကို မကြိုဆိုတော့ဘူး ခိုင်ဧဒင်မျိုး။""အဟက် သိပ်အပြောကြီးတာပဲ ဒေါ်ထိပ်တင်ထားရာယ်။
ခဗျားအကြောင်းနကန်းတစ်လုံးမှမသိတာက Darling တစ်ယောက်ပဲရှိမယ်။"ဟုဆိုကာဧဒင်လဲကျနေရာကထ၍အင်္ကျီအားဆွဲဆန့်ကာမချိုမချဉ်မျက်နှာပေးဖြင့်ဆက်၍လေသံအေးအေးဖြင့်
"ဒါပေမယ့်.... ကိုယ်ကမတူဘူးဗျ။ပြီးတော့လေပြောရအုံးမယ် ခဗျားပဲကျုပ်ကိုမျိုးဖြုတ်နိုင်တယ်မပြောနဲ့ဗျ ကိုယ်ကလဲခဗျားကိုရိုက်ချပြစ်နိုင်တယ်ဆိုတာ ခဗျားအနဲအကျဉ်းလောက်တော့သိထားမှာပေါ့။
အကယ်၍ကိုယ်မတတ်ရင်တောင် ကို့နောက်ကလက်ဖက်ထုပ်ကထက်တယ်ဆိုတာရိပ်မိလောက်မှာပါ။""အဟက် အဲ့လောကိုငါကစာမဖွဲ့ဘူး"
"စာဖွဲ့တာကဗျာဖွဲ့တာခဗျားကိစ္စဗျ၊ကျွန်တော့ကိစ္စတော့ကျွန်တော်ရှင်းရှင်းလင်းလင်းပြောခဲ့မယ်။"
ဟုဆိုကာခပ်ပြုံးပြုံးအနားကပ်သွား၍နှစ်ကိုယ်ကြား ကြားရရုံလေသံဖြင့်"Darling ကခဗျားအပိုင်မဟုတ်ဘူး။ဟ ဟ ဟား ဟား..."
ဟုဆိုကာအားရပါးရခွက်ထိုးခွက်လှန်လှောင်ရီ ရာယ်ရင်းက
"အမှန်တရားကနဲနဲခါးတယ်။အပေးအယူကြောင့်ခဗျားနားနေနေပေးတာ ဘာတွေမျှော်လင့်နေတာလဲ။
ခဗျားသိထားဖို့ကလေ Darling ကကို့အပိုင် ကို့ဆီကခဏထွက်ပြေးနေရုံပဲ။ဆိုတော့ ခဗျားလက်ထဲခဏအပ်ခဲ့မယ်။သေချာဂရုစိုက်ထားကြားလား။Darlingတစ်ခုခုဖြစ်ရင် ခဗျားလဲအသက်ရှင်မယ်မထင်နဲ့။ခဗျားအရှုပ်ထဲလဲဆွဲထည့်မထားနဲ့။ခဏငှားယူထားရင် အချိန်တန်ပိုင်ရှင်ကိုပြန်ပေးရမယ်ဆိုတာမမေ့နဲ့။ခဏတာထိန်းသိမ်းခွင့်ရတာကို မျှော်လင့်ချက်တွေနဲ့ ငါတော့အပိုင်ပဲလို့မတွေးနဲ့။အပေးအယူလုပ်အတင်းအကြပ်အနားခေါ်ထားရတာကိုအောင်နိုင်သူလာလုပ်မပြနဲ့
သ နား တယ် " ဟုတစ်လုံးချင်းပြောကာလျှာထုတ်ပြပြီးနောက်ချာကနဲလှည့်၍ကို့ပစ္စည်ကိုယ်ကောက်ထည့်ပြီး ဖိနပ်ကိုအကျအနစီးကာအခန်းတံခါးရှေ့ရပ်နေသောသူများအားတွန်းတိုက်ကာထွက်လာခဲ့လိုက်တော့သည်။
YOU ARE READING
VIOLATION & ချိုးဖောက်ခြင်း
Diversosကို့ရဲ့ပထမဆုံး + ပါတဲ့ စာရေးဖူးတာပေါ့။ ဒါကြောင့် အမြင်မတူရင် လက်မခံနိုင်ရင်လစ်ပါ။ BSDM ဆန်ဆန်သွားမှာမို့ အဆင်ပြေရင်ဖတ်။မပြေရင်တော့ဂျောင်းပေါ့။Lesbianဆန်ပြီ Domme & Sub ပုံစံသွားမှာမို့ LGBTတွေ လက်မခံနိုင်ရင်လဲဂျောင်းပါ။ စိတ်ရှုပ်မခံချင်ဘူး။