Part-10

276 17 1
                                    

အခုနောက်ပိုင်းသူသိပ်အပြင်မထွက်တော့ပဲ အိမ်တွင်း
အောင်းကာစာကိုပဲလုပ်နေတော့သည်။
စာမေးပွဲလည်းနီးလာပြီးဆိုတော့gameတွေသိပ်မ
ဆော့ဖြစ်ပဲမျက်မှန်တခုနဲ့စာဂျပိုးလုံးလုံးဖြစ်နေတော့၏။ညနေတိုင်းသွားနေကျအဖွားlulaရဲ့အိမ်လည်းမ
သွားဖြစ်တော့သလို လမ်းထိပ်ကစာကြည့်တိုက်လေး
လည်းမရောက်ဖြစ်တော့ပေ။

"စာတွေလုပ်နေပါလား..kim"

"အော..ဆရာတောင်ရောက်ပြီ"
ခါတိုင်းယူလာနေကျလက်ကိုင်အိတ်အမဲလေးကိုစားပွဲ
ထောင့်တွင်ချပြီး သူ့နံဘေးတွင်ဝင်ထိုင်သည်။

"ရပြီလား..ကျန်တဲ့ဘာသာတွေရော"

"physicနဲ့အပြင်စာတွေမကြည့်ရသေးဘူး..သင်ချာ
ကတော့အခုတွက်နေတယ်"

အင်ကျီကိုလက်ခေါက်တင်လိိုက်တော့မွှေးညှင်းနုနု
တွေနဲ့သွေးကြေားစိမ်းစိမ်းတွေကအထင်းသား။

"သင်ချာတွေကရောရပြီလား"

"ရတာတော့ရပြီ..မရတဲ့အပုဒ်တွေကိုတော့ကျက်ပြစ်
လိုက်တယ်"

"ဟော်..သင်ချာဆိုတာမကျက်ရဘူးလေ..မေ့တတ်
တယ်ကွဲ့"

ဆရာကထုံးစံအတိုင်းသူ့နဖူးကိုဘောပင်နဲ့ခပ်ဖွဖွရိုက်ပြီးရှင်းပြသည်။

"ဒီအီကွေးရှင်းက ဒီလိုတွက်ရတာ..နားလည်လား"

"ဟုတ်"

ဆရာ့ရဲ့မျက်နှာချောချောကိုမလွတ်စတမ်းအလွတ်ကျက်နေမိ၏။
မျက်လုံးပြာလေးတွေကကောင်းကင်ပေါ်ကကြယ်နှစ်လုံးကိုထည့်ထားသည့်အတိုင်းလင်းလက်တောက်ပနေ
သည်။ရှေ့သွားလေးတွေက ယုန်သွားလေးတွေအတိုင်း..ပန်းရောင်သမ်းနေတဲ့ပါးမို့မို့မို့လေးတွေကိုသူ့မှာညှစ်ချင်စိတ်တဖွားဖွား။ဆရာက
ကလေးယောင်ဆောင်ထားတဲလူကြီး။
tattooတွေ၊piercingတွေ၊ဆံပင်ရှည်တွေသာမရှိ
ရင်လုံးဝကလေးအတိုင်းပဲ။

"နားလည်ပြီလား..kim"

"နားလည်ပါပြီ"

သူ့ရဲ့လက်တွေဟာစကားနားမထောင်စွာဆရာ့ရဲ့ပါး
နှစ်ဖက်ကိုသွားညှစ်မိသည်။

တချက်..နှစ်ချက်..သုံးချက်

သူ..သူအခုဘာလုပ်မိလိုက်တာလဲ။

Those ocean eyes🌊Where stories live. Discover now