"မသေချင်ရင် ငါလိုချင်တာကိုဖြစ်အောင်လုပ်ပေးရမယ်"
"မျက်လုံးတစ်ဖက်လား။ ကိုယ်ရံတော်ရှင်းမ်အတွက် လုံလောက်ပါ့မလား"
မီးတုတ်တွင် ထွန်းညှိထားသော မီးရောင်ကလွဲ၍ ပြင်ပရောင်ခြည်များမထိုးဖောက်နိုင်သည့် နန်းဆောင်ခပ်ကျဉ်းကျဉ်းလေးထဲ ရယ်သံတစ်ချို့ဆွတ်ပျံ့လာပုံဟာ အေးဆေးစွာပင်။ လည်ပင်းကိုဓားဖြင့်ထောက်ထားသည်ကိုပင် ဂရုစိုက်မနေ ၊ မျက်နှာကြောပြောင်ပြောင်နှင့် ထိုကောင်လေးကတော့ တစ်စုံတစ်ရာကို ကြောက်နေပုံလည်းမရ။
"တိတ်စမ်း !"
"ဒေါသအရမ်းကြီးလွန်းတယ်။ မျက်လုံးနှစ်ဖက်လုံးတောင်းရင်တောင် ကျွန်တော်ပေးမှာပါ"
စာမျက်နှာတွေကို အပြန်ပြန်အလှန်လှန်ငေးမိကြည့်တဲ့အခါ ဒါဟာ နိဒါန်းဖြစ်နိုင်ချေ ပိုများလေမလား ၊ ဟုတ်ရဲ့လား။
တိုင်းပြည်၏ အတော်ဆုံး အထက်မြက်ဆုံး ဓားရေးကျွမ်းကျင်သူတစ်ဦးရဲ့ ဓားဖျားနားတွင် လည်စင်းထားရသော်လည်း အနှီကောင်လေးဟာ မျက်လုံးတစ်ဖက်ပေးဖို့ကိုသာ စိတ်အားထက်သန်နေခဲ့သည်။ စက္ခုနှစ်လွှာအပေါ်တွင် အနက်ရောင်အဝတ်ပါးလေးတစ်ခုကို စည်းနှောင်ထားသော ကိုယ်ရံတော်ရှင်းမ်၏ မျက်ခုံးနှစ်ကြောင်းဟာ တွန့်ချိုးနေပြီးနောက် ဘယ်လိုအရာလေးမှန်းမသိသော ဖြစ်တည်မှုတစ်ခုကို ဦးနှောက်ထဲ အဆန်းတကြယ်။
မျက်လုံးတွေ မမြင်ရဘူးဆိုပေမဲ့လဲ ... အရူးလေးတစ်ယောက်ကို ဖမ်းမိပြီး မျက်လုံးတစ်ဖက်ပေးဖို့ ခြိမ်းခြောက်နေမိခဲ့တာလား။
"မင်း ... နာမည်ဘယ်သူလဲ"
ဓားဖျားနား လည်စင်းထားရသူ၏ ဖျတ်ခနဲလှန်ကြည့်လာသော မျက်ဝန်းပြာပြာလေးတစ်စုံကိုတော့ ရှင်းမ်မြင်ရမည်မဟုတ်။ အကယ်၍ ထိုမျက်ဝန်းပြာပြာလေးကို မြင်တဲ့အခါ ရှင်းမ် ခြိမ်းခြောက်နိုင်ဦးမှာတဲ့လား။
"ထီရဲယ်ဗန်ယာ ဘန်ဂျမင် ...
ကျွန်တော်က ဘန်ဂျမင်လေ "ကံကြမ္မာရေးဆွဲသူရဲ့ ဇာတ်နာခြင်းတွေဟာ ဒီကစတယ်။
"ရှင်းမ်က အရှင့်နားမှာ တာဝန်ပြန်ထမ်းဆောင်ရမယ်ပေါ့လေ ... ဒါဖြင့် ကျွန်တော်ကရော။ ကျွန်တော်လဲ နန်းတော်ထဲ လိုက်နေမယ်လေ"