"အား!!! Fuck! Fuck! Fucking fiction!
Fuck! မကျေနပ်လိုက်တာ ဘယ်လိုအစုတ်အပျက်စာရေးသူလဲဟ ဒီ@%#&#:%*&*&"Stop! Stop enough girl. အဟမ်း အားလုံးကို မိတ်ဆက်ပေးမယ်နော် ဒီအပေါ်က အားရပါးရဆဲနေတဲ့ကောင်မလေးကတော့ကျွန်မပါဘဲ။ ကျွန်မနာမည်က 'Dandelion, Dandelion Mario'. 'Mario?' ကျွန်မ last nameကတော်တော်ဆိုးဆိုးဝါးဝါးဘဲနော် Miss mario တဲ့ ဂိမ်းထဲသာထည့်လိုက်ပါတော့လား။ ထားပါလေ အပေါ်မှာ ပေါက်ကွဲနေတဲ့ကိစ္စ အဲ့တာကတော့ ကျွန်မ အားပေးနေတဲ့ fictionတစ်ပုဒ်ကြောင့်ပေါ့ သူ့နာမည်က 'Little snow with Mary' တဲ့။ ကျွန်မ အဲ့တာကိုဖတ်ခဲ့တယ် နွေရာသီပိတ်ရက်မှာပေါ့ သူငယ်ချင်းကပျင်းဖို့ကောင်းတယ်ဆိုပြီး ကျွန်မလက်ထဲထိုးထည့်သွားတာလေ။ ကျွန်မလဲဖတ်လိုက်ပါတယ် သူကရိုးရိုး Romanticအပိုင်းပါဘဲလေ ဒါမယ့်သူကဖတ်ရင်းနဲ့တော့တဖြည်းဖြည်းနဲ့ရှင်တို့ကိုရပ်တန့်လို့မရအောင် စွဲလန်းစေလိမ့်မယ်။ ဒါဆို ကျွန်မဘာလို့ဆဲလဲ? ဘာလို့ဖြစ်ရမလဲရှင် စာရေးသူကနောက်ဆုံးကျမှထဖောက်လို့ပေါ့။ ကျွန်မလေ Maryကြောင့်သာ အဆုံးထိဖတ်ခဲ့ရတာ၊
'Mary' လှပတဲ့နာမည်လေး သူကဒီဝတ္တုရဲ့ FML, ရွှေဝါရောင်ဆံနွယ်၊ ပင်လယ်ပြာရောင်မျက်ဝန်းပိုင်ရှင်ဖြစ်တဲ့ Maryက အရမ်းလှတယ်။ သူမက သတ္တိလဲရှိတယ်၊ရဲရင့်တယ်၊ ပြတ်သားတယ်၊ အမှန်တရားဘက်ကိုရဲရဲလိုက်ရဲတယ်၊ သူမက အမျိူးသမီးတွေတန်းတူအခွင့်အရေးရရှိရေးဆိုတဲ့ ပါတီမှာတောင် အဓိကလှုပ်ရှားခဲ့သေးတယ်။ ဒါမယ့် စာရေးသူက Maryကို Kate Degrarate နဲ့တွေ့ဆုံစေခဲ့တယ်။ Mary အချစ်စစ်ကိုခံစားဖူးခဲ့တယ် Mary က Kate နဲ့လက်ထပ်ပြီး ပျော်ရွင်စရာ မိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့တယ်။ ဒါမယ့် Mary လုပ်ခဲ့တဲ့အရာတွေကရော Mary ကအဲ့လိုလူမှမဟုတ်တာ၊ Mary ရှာနေခဲ့တဲ့ အခွင့်အရေး Mary ကြိုးစားခဲ့ရတဲ့ အချိန်တွေ Mary က အဲ့Kate ဆိုတဲ့အမျိုးသားကြောင့်နဲ့ အရာအားလုံးကိုစွန့်လွှတ်ခဲ့တယ်ပေါ့လေ။ အချို့သူတွေက ကျွန်မကိုပြောကြတယ် ကျွန်မက အချစ်စစ်ကိုနားမလည်ဘူးတဲ့၊ ဒါ Fiction အဲ့လောက်မရူးစမ်းပါနဲ့တဲ့၊ နင်အဲ့လောက်တက်နေရင် နင်ကိုယ်တိုင်ရေးပါလားတဲ့ သူများရေးထားတာကို လာပြီးဝေဖန်မနေနဲ့တဲ့။တစ်ကယ်ဒေါသထွက်မိတယ် အဲ့ကောမန့်တွေကို ပြန်ဆဲဖို့ပြင်နေချိန်မှာ ကျွန်မဆီ Messageတစ်စောင်ဝင်လာတယ်။
ကျွန်မဆီပို့သူထံကြည့်လိုက်တော့စာရေးသူဖြစ်နေတာကိုတွေ့လိုက်တယ်။
စာရေးသူ- "မင်းကြည့်ရတာငါရေးတာကိုသိပ်သဘောမကျဘူးနဲ့တူတယ်?"
Dandelion- "သဘောကျစရာဇာတ်ကွက်ရော ပါသေးရဲ့လား ရှင် Maryကိုတောင် ပြောင်းရေးခဲ့တာဘဲ။"
စာရေးသူ- "မင်းငါ့ဆီကဟာကိုပြန်ပြောင်းရေးချင်လား? မင်းအဲ့တာကိုပိုကောင်းအောင်ရေးနိုင်မယ်လို့အာမခံနိုင်လား?
မင်းအဆုံးသတ်ကိုရော ကျေကျေနပ်နပ်လက်ခံနိုင်ပါ့မလား?"
မေးခွန်းတွေနဲ့ပြည့်နေတဲ့သူ့စာကို ကျွန်မအလိုမကျစွာ မျက်မှောင်ကြုတ်လိုက်မိတယ်။
Dandelion- "ကျွန်မ ရှင့်လောက်စာရေးမတော်တောင် အနည်းဆုံးတော့ Maryဘဝကို အချစ်နွံမှာဘဲနှစ်မြောနေတဲ့သူဖြစ်အောင် ရေးဖြစ်မှာမဟုတ်ဘူး!"
စာရေးသူ- "ဟုတ်ပြီလေ မင်းကတိအတိုင်းဖြစ်ပါစေ ငါမျော်နေမယ်။"
Dandelion- "စောင့်ကြည့်လိုက်လေ။"
ကျွန်မ လက်တွေချိုးလိုက်နဲ့ စာရေးဖို့ကိုအဆင်သင့်ပြင်နေခဲ့တယ် ကျွန်မစာရေးဖို့တော့ စိတ်ကူးမိပေမယ့် မရေးဖြစ်ခဲ့တာခုထိပင်။ ခု Mary ကြောင့်ရေးရတော့မယ်လေ။
စာရေးသူ- "မင်း Aloraကို သဘောကျလား?"
ကျွန်မ 'Alora' ဆိုတဲ့နာမည်ကိုမြင်မြင်ချင်း ကြောင်သွားမိတယ်၊ Aloraက Maryရဲ့ သူငယ်ချင်းတစ်ယောက်လေ နောက်ဆုံးသေသွားပေမယ့်လဲပေါ့။
နောက်စာရိုက်ဖို့ keyboardခလုတ်နှိပ်လိုက်တဲ့ အချိန်မှာ ခံစားလိုက်ရတဲ့ တုံယင်မှု လျှပ်စီးမှု၊ ဓာတ်လိုက်နေတာသိပေမယ့် ကျွန်မ မနာကျင်သလို ရုန်းလို့လဲမရဘူး။
တဖြည်းဖြည်းနဲ့ မျက်လုံးတွေမှိတ်ကျသွားပြီး မြင်လိုက်ရတဲ့နောက်ဆုံးစာက
စာရေးသူရဲ့
"Good luck 'Alora'(my little dream)" တဲ့