Arc 11 part 5

18 4 0
                                    

     ဒီကျောက်စိမ်းလမင်းဂိုဏ်းအတွက် misaki ရဲ့ခံစားချက်တွေက များများစားစားမပေါ်ပေါက်လာသေးသလို သိပ်ပြီးလည်း နေသားမကျသေးဘူး။ ဂိုဏ်းချုပ်တို့ တောင်သခင်တို့နှင့်တွေ့ရင်တောင် သေချာ ခါးကိုင်းပြီး နှုတ်မဆက်နိုင်ပါ။ လူက အတိတ်မေ့နေပေမယ့်လို့ အသွေးအသားအရိုးတွေထဲအထိ အထက်စီးဆန်မှုနှင့် အရိုင်းဆန်မှုက ကိန်းအောင်းလို့နေခြင်းကြောင့်ဖြစ်သည်။ အဲ့လို သူမက အသက်အငယ်ဆုံး တောင်သခင်လေးကိုတွေ့လျှင် ဘာကြောင့်ရယ်မသိ ရင်းနှီးနေပြီး ထပ်ပြီးလည်း ရင်းနှီးချင်သလို ခံစားနေရသည်။

     တောက်ပသည့်လက ကောင်းကင်ယံအမြင့်တွင် ရှိနေပြီး ယောက်ျားပျိုသည် ဂူနံရံကို မှီလျက် အသက်ကိုပြင်းပြင်းရှိုက်သွင်းနေရသည်။ ကျင့်ကြံရေးနည်းလမ်းမှာရော ဒီခန္ဓာကိုယ်မှာရောက ပြဿနာရှိနေတာဖြစ်သည်။ William သည် ဘာကြောင့် ကျင့်ကြံဆင့်မတက်ရသလဲ အကြောင်းအရင်းကို ရှာတွေ့လိုတာကြောင့် ဂူပိတ်ကျင့်ကြံကြည့်ဖို့ တွေးခဲ့တာဖြစ်သည်။ ကံမကောင်းစွာဖြင့် ကျင့်ကြံသည့်နည်းလမ်းက မှားယွင်းနေကြောင်း မသိလိုက်ရခင် ဒီခန္ဓာကိုယ်၏ မူလပိုင်ရှင်က ဝိညာဉ်အဖြစ်နှင့် သူ့ကို လာတိုက်ခိုက်တာကြောင့် William မှာ ဗျာများသွားခဲ့ရသည်။

   "ငါ့ရဲ့ အမှိုက်လိုခန္ဓာကိုယ်ကိုတောင် ခိုးရဲတဲ့လူ ရှိတယ်ပေါ့လေ။"

    နှစ်ယောက်သား မျက်နှာချင်းဆိုင်ရပ်လိုက်ချိန်တွင် မတူညီသည့် မျက်နှာအစိတ်အပိုင်းများက ပိုထင်ရှားလာသည်။ ဒီခန္ဓာကိုယ်ထဲကို William ဝင်ရောက်လာကတည်းက အချို့အစိတ်အပိုင်းတွေက ပြောင်းလဲသွားသည်။ ဥပမာ မျက်နှာကျက ပိုသွယ်လျပြီး ပိုနူးညံ့လာသည်ထင်ရတာမျိုး မျက်လုံးထောင့်စွန်းမှ မှည့်အနက်ကလေးလိုမျိုး။

    တိုက်ပွဲ ပြီးဆုံးချိန်တွင် နှစ်ယာက်သားမှာ ဟောဟဲလိုက်လျက် မောပန်းလို့နေသည်။ မူလပိုင်ရှင်က သူ့ခန္ဓာကိုယ်ကို ပြန်လိုချင်တာမဟုတ်ဘဲ ဒီတိုင်း ရန်လိုတိုက်ခိုက်ချင်နေတာဖြစ်သည်။ အမှတ်တမဲ့ထွက်ပေါ်လာသည့် ရေခဲချွန်တွေက သူ့မျက်လုံးဆီဦးတည်ပြီး လာနေတာကြောင့် William လည်း ဘေးသို့လှိမ့်ချကာ ရှောင်တိမ်းလိုက်ရသည်။

How to flirt with the final boss 2Where stories live. Discover now