(အခန်း-၆)
စမ်းရေကြည်အိမ်တော်ခြံဝန်းထဲတွင် အစေခံများ အလုပ်ကိုယ်စီဖြင့် မအားလပ်နိုင်အောင် ရှိကြပေသည်။ အိမ်တော်တွင်က အမျိုးသားအစေခံထက် အမျိုးသမီးအစေခံ လူဦးရေက ပို၍များနေသည်။ အကြောင်းအရာ ထွေထွေထူးထူးကြောင့်တော့ မဟုတ်ပါ… ။
အိမ်တော်တစ်အိမ်တော် ဖြစ်တည်လာပြီဆိုရင် ဦးစွာပထမ အရေးကြီးတာက အိမ်တော်ရဲ့ဝေယျာဝစ္စနှင့် သခင်တွေရဲ့ အလိုဆန္ဒများကို ဖြည့်ဆည်းဖို့ရာဖြစ်သည်။ များသောအားဖြင့် အမျိုးသမီးအစေခံများသည် အိမ်တော်အတွက် အရေးပါဆုံး လူတန်းစားတစ်ရပ်ဖြစ်သည်။
အချက်အပြုတ် အလျှော်အဖွတ် သန့်ရှင်းရေး အိမ်တော်စီမံရေး စတဲ့ အလုပ်တွေကို အမျိုးသမီးအစေခံတွေကသာ လုပ်ကိုင်ဆောင်ရွက်ရလေပြီး အမျိုးသားအစေခံများကတော့ အမျိုးသမီးတွေ မလုပ်နိုင်တဲ့ အလုပ်ကြမ်းများစွာနှင့် အရှင်သခင်သွားလေရာနေရာတိုင်း အရိပ်တစ်ခုလို ကာကွယ်စောင့်ရှောက်ရခြင်းအပြင် အိမ်တော်၏ အန္တရာယ်ကင်းရှင်းရေး သူခိုးဓားပြရန်မှ ကာကွယ်နိုင်ရေးကိုလည်း အပြည့်အဝ တာဝန်ယူကြရသည်။
ထို့ကြောင့် အမျိုးသားအစေခံများသည် အချိန်အားတိုင်း သိုင်း… ဒါမှမဟုတ် ကိုယ်ခံပညာတစ်ခုခုကို လေ့ကျင့်လေ့ရှိကြသည်။
နေရောင်ခြည်စူးစူးအောက် တုတ်ဓားလှံတို့နှင့် လေ့ကျင်နေကြသော အမျိုးသားများရဲ့အနေအထားသည် ချွေးသံတလုံးလုံးဖြင့် တစ်မျိုးတစ်မည်လေး ဆွဲဆောင်မူရှိချေ၏။ နေလောင်ဒဏ်ကြောင့် အနီရောင်သမ်းနေပါတဲ့ ၎င်းတို့ရဲ့အသားအရည်သည် ကြီးမားတုတ်ခိုင်သည့် ကြွက်သားဗလတွေရဲ့ တန်ဆာတစ်ခုလို မြင်ရသူအဖို တံတွေးဂလုစရာ။
အောက်ပိုင်းတစ်နေရာမှာသာ ပုဆိုးတစ်ထည်တည်း ဝတ်ဆင်ထားသဖြင့် ပို၍တောင် ရင်ဖိုချင်စရာကောင်းနေပေ၏။ အနီးအနားမှာက ၎င်းအမျိုးသား အစေခံများကို ရပ်ကြည့်နေတဲ့ အမျိုးသမီးအစေခံတွေလည်း မနည်းမနောပါ။
တစ်ယောက်နဲ့တစ်ယောက် တိုးတိုးတိတ်တိတ်လေး တွတ်ထိုးရင်း အမျိုးသားများ၏ ခန့်ညားမူကို စာဖွဲ့နေကြသည်။ ထိုအမျိုးသမီးတို့ အဓိက မျက်စိကျစရာ လူသားတစ်ယောက်သည် မပါမဖြစ်ပင်။ သူကတော့ စမ်းရေကြည်အိမ်တော်၏ ပထမသခင်လေး ဝဠာဖြစ်ပါ၏။
YOU ARE READING
Romanceကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...