(အခန်း-ရ)
မြို့ပြရဲ့လူနေမူပုံစံနဲ့ အကွာကြီး ကွာခြားလှတဲ့ ဤနေရာဤဒေသသည် လတ်ဆတ်သောလေနဲ့အတူ စိမ်းလန်းတဲ့မြင်ကွင်းတွေက တမျှော်တခေါ်ကြီးမြင်တွေ့ရသည်။ ရူပ်ထွေးခြင်းမရှိ… လူကိုဘေးဥပါဒ်ဖြစ်စေမည့် အငွေ့အသက်တွေလည်းမရှိ… သဘာဝရဲ့အနှစ်သာရတွေ စုဝေးလေတဲ့ ဒီခေတ်ကြီးတွင် လွတ်လပ်ရေး မရသေးပေမယ့်လည်း သူ့ဟာနဲ့သူ နေပျော်စရာပင်။
တစ်ချိန်လုံး စံအိမ်ဝန်းထဲမှာပဲ အချိန်ကုန်နေ၍လားမသိ… အပြင်ထွက်တော့မှပဲ စကိုင်းရောက်လာရာ နေရာသည် ရွာကြီးတစ်ရွာရဲ့နယ်နိမိတ်ဝန်းထဲတွင် ဖြစ်နေသည်။ စိတ်မကောင်းစရာက စမ်းရေကြည်အိမ်တော်နီးတူ အိမ်ကြီးအိမ်ကောင်းများ တွေရသော်လည်း လူနေမူအဆင့်အတန်းတွေမှာ ခွဲခြားဆက်ဆံခြင်းသည် တည်တံ့ခိုင်မြဲနေလျက်ရှိသည်။
လှပတဲ့ စိမ်းမြမြသစ်ပင် ပန်းမာန်တို့ပေါများသလောက် နေရာတိုင်းမှာ အလုပ်တွေ ကုန်းရုန်းလုပ်နေရသည့် အစေခံတွေဟာလည်း နေရာတိုင်း အချိန်တိုင်းမှာ သနားစဖွယ် တွေ့မြင်နေရသည်။ သူတို့ကိုကြည့်ပြီး စကိုင်းစိတ်ထဲ လုံးဝမကောင်းပါ။ ကိုယ်ကို၌ကလည်း ဒီအခြေအနေကို ပြောင်းလဲနိုင်စွမ်း မရှိချေတော့ ခက်သားလား။
" ဘယ်လိုလဲဗျ ထွက်လာတုန်းကတော့ ရွှင်ရွှင်ပျပျနဲ့ အခုမှ ဘာလို့ရုတ်တရက်ကြီး မိုင်နေရတာလဲ "
ကိုယ်က အဲသလောက် သိသာနေလို့ ဝသုန်မေးရလောက်တဲ့အထိ ဖြစ်သွားလေသလား။ ဟုတ်မှာပါလေ စိတ်ခံစားချက်ဆိုတာမျိုးက သဏ္ဍန်ပြလို့ မရပေမယ့် မျက်နှာပေါ်မှာတော့ ထင်ဟပ်လာတတ်သည်လေ။ ဒီခွေးပေါက်လေးဟာ တော်တော်လည်း အကင်းပါးလေတယ်။
" စိတ်မကောင်းစရာတွေ မြင်နေရလို့ "
" စိတ်မကောင်းစရာလား? ကျွန်တော်တော့ ဘာဆိုဘာမှ မမြင်မိပါဘူး "
" မင်းမြင်ပါတယ်ဝသုန် မင်းမသိတာပါ "
" ဘယ်လို… ကျွန်တော်နားမလည်ဘူး ၊ My Skyကျွန်တော့်ကို ရှင်းပြပေးလို့ရမလား "
စကိုင်းဟာ ခြေလှမ်းတို့ကို ခြေစုံရပ်တန်လိုက်ကာ ဝသုန့်မျက်နှာချင်းဆိုင်အရပ်ဆီ မျက်နှာမူလိုက်သည်။ ဝသုန်သည် စကိုင်းကို နားမလည်သလို ငေးကြည့်နေ၏။
YOU ARE READING
Romantizmကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...