(အခန်း-၈)
ယနေ့ စမ်းရေကြည်အိမ်တော်တွင် အထူးဧည့်သည် ရောက်နေသည်ဟု ဒေါ်ကြီးပြောသည်။ မည်သူကိုမှလည်း အိမ်တော်ထဲ အကြောင်းမရှိပဲ မသွားရဟု အမိန့်ထုတ်ထား၏။ အထူးသဖြင့် စကိုင်းကို ဒီနေ့တစ်နေ့လုံး အိမ်တော်ထဲမသွားရန် အထပ်ထပ်မှာကြားနေလေရဲ့။ ကြာတော့… စကိုင်းခေါင်းတွေပင် ပူထူလာမိတော့သည်။
" ကဲပါ ဒေါ်ကြီးရယ်… ကျွန်တော်လုံးဝမသွားဘူး ဟုတ်ပြီလား၊ ဟိုမှာ ထန်ရှိန်နဲ့ ငါးမျှားလိုက်သွားမယ် "
" အေ… ဒါလည်းကောင်းတာပဲ၊ ဟဲ့… ထန်ရှိန်ရေ ဒီကောင်လေးကိုပါ ခေါ်သွားဟေး "
ငါးမျှားချိတ်ကိုပခုံးမှထမ်း၍ ကြိမ်ခြင်းလုံးလေးကို လက်မှဆွဲကာ ထန်ရှိန်တစ်ယောက် စကိုင်းတို့ရှိရာဆီ မျက်နှာလှည့်လာသည်။ တစ်လက်စတည်း မျက်မှောင်ပါတစ်ခါတည်း ကျုံ့လေ၏။
" ကျွန်တော်က ဘာကိစ္စ ဒီမျောက်လောင်းကို ခေါ်သွားရမှာလဲ မခေါ်ဘူး မလိုက်နဲ့ "
" မလိုက်လို့ဘယ်ဖြစ်မလဲ ဒီကောင်လေးက နားရှိတာမဟုတ်ဘူး တော်ကြာ အိမ်တော်ဝင်မိသွားရင် ပြဿနာတွေဖြစ်ကုန်မယ် ခေါ်သွားစမ်းပါဟယ် "
ဒေါ်ကြီးရဲ့စကားကြောင့် စကိုင်းမှာ ကိုယ့်နားကိုပြန်စမ်းမိသည်။ ငါ့နားက ရှိပါသေးတယ်… ။
" မခေါ်ဘူးဗျာ… ခေါ်မသွားနိုင်ဘူး ဒီမှာပဲနေခဲ့ပါစေ "
" ထန်ရှိန်!… နင်ငါ့ကို အာခံနေတာလား ခေါ်သွားရင် ခေါ်သွားနော် မဟုတ်ရင် သခင်လေးဝဠာနဲ့သွားတိုင်မှာ "
" ဟာဗျာ ဒေါ်ကြီးကလည်း… ၊ ကျစ်… လိုက်ချင်လည်းလိုက်ခဲ့ကွာ လိုက်ခဲ့ "
YOU ARE READING
Lãng mạnကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...