(အခန်း-၉)
ဤ… နှစ်ချို့ဆီးပင်အောက်ရောက်တိုင်း ထိုနေ့ညက မြင်ခဲ့ရသော အရောင်မည်းမည်းနာနာဘာဝ လောကသားကို မြင်ယောင်မိနေသည်။ ကြောက်မိသည်။ ရုတ်တရက် ပေါ်လာမလား အသိနဲ့တင် လူကိုအကြိမ်ကြိမ် ခြောက်လှန့်စေသည်။ ဒါပေမဲ့လည်း မသိစိတ်ထဲကနေ ပေါ်လာပါစေလို့လည်း တောင့်တမိပြန်တယ်။
ဘာကြောင့်လဲ? ဘာရယ်ကြောင့် အသိအကျွမ်းမရှိတဲ့ ဒီလောကကြီးထဲ ခေါ်လာခဲ့ရသလဲ? သတ္တိရှိရှိနဲ့ မေးလိုက်ချင်မိတယ်။ အချိန်တစ်ခုအထိ မတူညီတဲ့ ဤခေတ် ဤလောကထဲ တစ်ရက်ပြီးတစ်ရက် နေရဦးမှာလဲဟု ထိုမေးခွန်းတွေရဲ့ အဖြေကို စကိုင်းမျှော်လင့်ခဲ့သည်။
သို့သော်ငြား အချိန်တွေသာ ကုန်လွန်လာခဲ့တယ်… ဖမ်းဆုပ်စရာ ကောက်ရိုးတစ်မျှင် မြက်တစ်ပင် မရှိသလို… အိမ်ပြန်ရန် နည်းလမ်းဟာလည်း ဗလာနတ္တိ ဆန်လွန်းနေ၏။ ကြားဖူးနားဝ ရှိခဲ့သည့် ရှေးစကားအတိုင်း ဦးဆုံးရောက်လာခဲ့တဲ့ နေရာကို ခဏခဏလာမိပေမယ့် ဘာသဲလွန်စမှမရခဲ့ပါ။
ဖူးပွင့်လေတဲ့ ဆီးပွင့်တွေသာ အစိမ်းရင့်ရင့် သီးစအရွယ်သို့ ကူးပြောင်းခဲ့ချေပြီ။ တစ်နည်းအားဖြင့် စကိုင်းနေထိုင်လာခဲ့တာ တစ်လတာအချိန်ပင် ကုန်လွန်ခဲ့လာပြီဖြစ်ပါသည်။ ဘာမှပြောင်းလဲမသွားခဲ့…။
ကြာတော့လည်း မျှော်လင့်ချက်တွေ မရှိတော့သလို တစ်နေ့ဆိုတဲ့… ယုံကြည်ရာသည်လည်း လေထဲ လွှင့်ပါသွားသည့်နှယ်။ တစ်ရွက်ချင်း ကြွေလွှင့်နေသော ရော်ရွက်ငယ်တွေလို စိတ်ထဲဝယ် ဘာဆိုဘာမှ ဆွဲမထားချင်တော့ဘူး။
လူဆိုတဲ့အမျိုးက မျှော်လင့်ချက်တွေ မဲ့သွားခဲ့ရင် ရှိရင်းစွဲဆန္ဒတွေကို စွန့်လွှတ်ပစ်သတဲ့။ ခုလည်း ဒီလိုပါပဲ… တစ်နေ့ကျရင် အိမ်ပြန်နိုင်မှာပဲ ဆိုတဲ့… မျှော်လင့်ချက်ရေးရေးလေးကို စကိုင်း… စွန့်ပစ်ချင်နေပါပြီ။
မရေရာ မသေချာတဲ့ အရာတစ်ခုကို အားတင်းပြီး ဆွဲထားရတာက အရမ်းပင်ပန်းတယ်လေ။ ဒီထက်ပိုပြီးလည်း မတတ်နိုင်တော့ဘူး။ ကံကြမ္မာရဲ့စေစားရာအတိုင်းသာ ဖြစ်ခွင့်ပေးလိုက်ချင်တော့တယ်။ ကိုယ့်ဘဝလေး အေးချမ်းခဲ့မယ် ဆိုရင်ပေါ့…။
YOU ARE READING
Romanceကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...