အပိုင်း(၁၀) (ZG+Uni)
143 7 0
(အခန်း-၁၀)
  ပြာသိုလပေမို့လားမသိ… အအေးဓာတ်က သိသိသာသာ တိုးလာသည်။ နေ့တိုညရှည်ကာလ ရောက်သည်နှင့် နှင်းမူန်တို့သည် နေမဝင်ခင် ကျရောက်နေတတ်ပြီ။ မနက်မိုးလင်းတာနဲ့ ပိန်းပိတ်အောင် ကျနေတတ်တဲ့ နှင်းထုကြီးသည် ကမ်းမမြင်လမ်းမမြင်ဖြစ်သည်အထိ မြင်တွေ့နေရတာ။
တောင်လေတစ်ချက်ဆော်သွေးတိုင်း ကျောထဲစိမ့်လုမတတ် အေးစိမ့်စိမ့်အရသာက ဆောင်းရဲ့အနှစ်သာရကို ပိုလေးပင်နေသလို။ ပြာသိုလဟုပြောလိုက်လျှင် ထိုလတွင် ပွင့်ဝေတတ်သော ခွာညိုဖြူဖြူလေးတွေကိုလည်း မေ့ထားလို့မရပါ။
မနက်မိုးလင်းတိုင်း သစ်ပင်တိုင်းလိုလိုမှာ တွယ်ကပ်နေတတ်တဲ့ ခွာညိုပင်လေးတွေထက်မှ သင်းလွှလွှ ခွာညိုပန်းဖြူများကို ရနံ့သင်းထုံစွာဖြင့် ဆီးနှင်းများကြားမှာ တွေ့ရလေ့ရှိသည်။ ထို့အပြင် အခြားသော ဆောင်းဥတုရဲ့ပန်းများကိုလည်း တွေ့လေ့ရှိသေးသည်။
ကောင်းကင်ယံ၌ တိမ်တစ်စပင် ရှိမနေ။ အရုံဦးရဲ့နေ့အလင်းသည် အဖြူရောင်အတိပြီးစွာ တဖွဲဖွဲသွန်းကျလျက်ရှိသော ငွေရည်နှင်းစက်တို့ကြောင့် လှဘွဲ့အတိ။ အချိန်အားဖြင့် မနက်ခြောက်နာရီ ဝန်းကျင်ခန့်ဖြစ်သည်။
ပတ်ဝန်းကျင်သည် နှင်းမကွဲသေး။ လေညှင်းလေး တိုက်ခက်တိုင်း ခန္ဓာကိုယ်အတွင်းထဲအထိ အေးစေကာမူ ဆောင်းရဲ့အေးချမ်းမူက တစ်ဆင့်ထပ်လောင်းလေတော့ ဆိုဖွယ်ရာမရှိတော့။ ချမ်းသည်… အေးသည်… ထို့ကြောင့် နေ့မှာဝါဆို၊ညပြာသို ဟူ၍… ပြာသိုလရဲ့အေးချမ်းမူကို စာတင်ညွှန်းဖွဲ့ထားကြသည်။
သို့သော်လည်း ဤမျှလောက် အေးချမ်းသောဆောင်းလမှာ အောက်ခြေတန်းစားလူများသည် အများသူငါတွေလို စောင်ထဲ မကွေးနိုင်ပါ။ ကွေးခွင့်လည်းမရှိ… မနက်အာရုံတက်ပြီဆိုတာနဲ့ ကိုယ်စီအသီးသီး နိုးထကြရလေပြီ။
မည်မျှပင်အေးနေပါစေ သူသူငါငါအားလုံးကတော့ ကိုယ်စီအလုပ်တွေနဲ့ မနက်ခင်းဗွေလီဗွေလင်းအချိန်တွင် လက်ဆယ်ချောင်းအား စတင်လူပ်ခက်လာရပါပြီ။
မီးဖိုဆောင်အိမ်ထဲမှ တလူလူထိုးတက်နေတဲ့ မီးခိုးငယ်လေးသည် ဒေါ်ကြီးတစ်ယောက် အစာပြေချက်ပြုတ်ပြင်ဆင်တော့မည်ကို စတင်သတိပေးလိုက်သလို ရှိရှိသမျှ အစေခံမိန်းကလေးများအားလုံးက မီးဖိုချောင်အိမ်လေးထဲဝယ် လာရောက်စုစည်းကာ အလုပ်တာဝန်းအသီသီ ထမ်းဆောင်နေကြလေပြီဖြစ်၏။