အပိုင်း(၁၅) (ZG+Uni)
131 7 0
(အခန်း-၁၅)
  အတန်းရှိသော်လည်း စာသင်ချင်စိတ်မရှိတာနဲ့ အိမ်တော်ထဲမှာတင် တစ်နေကုန်နေဖြစ်သည်။ My Sky… ထွက်သွားပြီး ဆိုကတည်းကပေါ့။
အရင်က တိတ်ဆိတ်နေခဲ့တဲ့ စမ်းရေကြည်အိမ်တော်လေးဟာ တစ်စုံတစ်ယောက်ကြောင့် ပြန်လည်အသက်ဝင်ဖူးခဲ့ပေမယ့် တစ်စုံတစ်ယောက်ကြောင့်ပဲ ပြန်လည် တိတ်ဆိတ်သွားစေခဲ့တယ်။ ရယ်ရတယ်နော်… ဘာမှ ကြီးကျယ်အစွမ်းထက်တဲ့ လူမဟုတ်ပါပဲ ဝသုန့်ကမ္ဘာငယ် တစ်ခုကို စိမ်းစိုစေခဲ့တာ။ ယခု ထိုတစ်စုံတစ်ယောက် ဘယ်ရောက်သွားပြီလဲ။
အရင်ကလို ပြေးတွေ့ရင် မတွေ့နိုင်တော့သလို ခေါ်တိုင်းလည်း… လိုက်နိုင်တော့မည် မဟုတ်ပါ။ တစ်စုံတစ်ယောက်ဟာ သူနဲ့… တန်းတူအဆင့်အတန်းသို့ ဖြစ်ခဲ့လေပြီ။
အဆင့်အတန်း ခွဲခြားခြင်းအား လက်မခံတဲ့သူလေး… ကိုယ်မဟုတ်တဲ့ အခြားတစ်နေရာမှာ အဆင်မှပြေပါ့မလားလို့ မယောင်မလည် တွေးမိသေးတယ်။ ဟား…… အတွေးလွန်သွားမိတယ် ထင်ပါတယ်။
အဲဒီ အခြားတစ်နေရာဆိုတာက သူစိမ်းတရံတွေရှိတဲ့ နေရာမှ မဟုတ်တာပဲ… သူ့ရဲ့မိသားစုတွေနဲ့ နွေးထွေးစွာ တည်ရှိနေမယ့်နေရာ။ အစေခံဘဝထက် ပိုကောင်းမွန်လာတော့မယ့် သူ့ရဲ့ဘဝလေး။ မင်း တော်တော့်ကို အတွေးလွန်ခဲ့ပြီ ဝသုန်။
" ဘယ်သူလဲမှတ်တယ်… လက်စသတ်တော့ သခင်ငယ်လေးကိုး… ကျောင်းမသွားဘူးလား သခင်ငယ်လေး "
တစ်ယောက်တည်း ညောင်မုတ်ဆိတ်ပင်အောက် အလွမ်းသယ်နေချိန် ငါးဖမ်းမြုံးတစ်လုံးနဲ့ ရောက်ချလာသူ ထန်ရှိန်။ ညာဘက် ပုခုံးထက်မှာလည်း ပလိုင်းတစ်လုံးကိုလွယ်၍ တစ်ကိုယ်လုံးနီးပါ ရေတွေရွှဲလို့။ ငါးဖမ်းလာခဲ့တယ် ထင်ပါရဲ့။
" မသွားပါဘူးဗျာ… သွားချင်စိတ်လည်းမရှိဘူး "
သစ်သားများနဲ့ဆောက်ထားသော အသုံးမပြုတော့သည့် ခနော်နီခနော်နဲ့ တံတားထိပ်ပေါ်တွင် ဝသုန်က ခြေထောက်ကို ရေထဲချကာ ထိုင်နေသည်။ ပါလာသမျှ ပလိုင်းတွေ မြုံးတွေကို အနီးအနားမှာ ထောင်ထားလိုက်၍ ထန်ရှိန်လည်းပဲ ဝသုန့်အနား ဝင်ထိုင်လိုက်သည်။