(အခန်း-၁၆)
" အား…… ရူးချင်လာပြီကွာ "
တိတ်ဆိတ်နေတဲ့စာသင်ခန်းထဲ ကောင်လေးတစ်ယောက်ရဲ့ ထအော်လိုက်သောအသံမှာ ကျယ်လောင်စွာထွက်လာသည်။ စာသင်သားအချင်းချင်း ဘာထဖြစ်တာလဲဟု ထိုကောင်လေးအား ကြည့်သူကကြည့် တိတ်တိတ်ကလေး တွတ်ထိုးသူကထိုးနဲ့ မသိမသာလေး စပ်စုကြသည်။
ဝသုန် စိတ်ရှုပ်စွာဖြင့် ခေါင်းတစ်ခုလုံး ကုတ်ဖဲ့ပစ်ရင်း စာသင်ခန်းထဲမှ ထွက်လာခဲ့မိသည်။ အားလျှင် သွားသွားနေတတ်သည့် ကျောင်းနောက်က သပြေပင်ကြီးဆီ ဦးတည်၍… သပြေပင်အောက်သို့ ခြေပစ်လက်ပစ် ထိုင်ချမိပါ၏။
ရင်ထဲရှိ အခဲမကျေသော အစိုင်အခဲတစ်ချို့အား ပြေပျောက်လိုပျောက်ငြား ခေါင်းရှင်းပစ်လိုက်ချင်ပေမယ့် နှစ်တစ်ထောင်သစ်ပင်တစ်ပင်လို အမြစ်တွေ ကုပ်တွယ်နေသကဲ့သို့ အကြောင်းတစ်ခုဆီကိုသာ မြှားဦးတည့်ဖြစ်သည်။
ခက်ပါသည်… ဦးနှောက်ထဲ သံမိုဆွဲလေတဲ့ အရာတစ်ခုအား ဘယ်အရာနဲ့မှ ဆွဲယူလွှင့်ပစ်ပါစေ ပျောက်ကွယ်ဖို့နေနေသာသာ ပိုလို့တောင် အတွင်းထဲအထိ နစ်သထက်နစ်ဝင်ဆဲ။ ဒါတင်မက… ခံစားနေရတဲ့ဝေဒနာဟာ ဦးနှောက်နဲ့သာ သက်ဆိုင်နေတာမျိုး မဟုတ်ပါပဲ ဘာမဆိုင်ညာမဆိုင် ဒီရင်ဘတ်ကြီး တစ်ခုလုံးကလည်း မဆီမဆိုင်စွာဖြင့် တဆစ်ဆစ် ဆန္ဒပြသည်။
ဘယ်အရာကိုမှ စိတ်ဝင်မူမရှိတော့သလို… ဘာကိုမှလည်း လုပ်ချင်ကိုင်ချင်စိတ်မရှိ။ တစ်ခုတည်း…၊ ဒီဝေဒနာတွေကို သက်သာစေဖို့ရာ တစ်ခုတည်းသာရှိသည်။ ထိုအရာကတော့…
" ရှာလိုက်ရတာကွာ လက်စသတ်တော့… မင်းက ဒီရောက်နေတာကိုး "
ဝသုန်ထိုင်နေရာ သပြေပင်အောက်ဆီ ဈာန်ရာရောက်လာကာ အနားတွင် ဝင်ထိုင်ရင်း ပြောလိုက်သည်။ ဝသုန်သည် ဈာန်ရာအား တစ်ချက်ခန့်သာကြည့်ပြီး ရှေ့တည့်တည့်သို့ အကြည့် ပြန်ပို့လေ၏။
" ဆိုစမ်းပါဦး… အတန်းထဲမှာ မင်းရုတ်တရက် ဘာထဖြစ်တာလဲ "
" ဒီလိုပါပဲ ဈာန်,ရာ… "
" ဘာဒီလိုပါပဲလဲ? မင်းတစ်ခုခုဖြစ်နေတာငါသိတယ်… ဘာလဲ မင်းအစ်ကိုရဲ့ဇနီးလောင်းက တစ်ခုခုပြောလိုက်ပြန်ပြီလား "
YOU ARE READING
Lãng mạnကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...