မတူညီသောကောင်းကင် The Sky
(အခန်း-၁၇)အချိန်တကာ့အချိန်ထဲမှာ နေဝင်ချိန်တိမ်တောက်တဲ့အခါ ရေပြင်ကျယ်ထက် ထင်ဟပ်လေသော ဆည်းဆာရောင်ခြည် တိမ်ပန်းများဟာ… အလှဆုံးရယ်ပါ။ ထိုအလှလေးတွေကို အိမ်နောက်ဖက် လှေဆိပ်ကမ်းကနေ လှမ်းကြည့်ရတာ ဘာနဲ့မှလဲလို့မရတဲ့ ခံစားမူပဲ… သိပ်လှလွန်းတယ်။
စမ်းရေကြည်အိမ်တော်ရှိ ဆိပ်ကမ်းနဲ့ ယှဉ်လို့မရပေမယ့် စကားဝါအိမ်တော်ရဲ့ဆိပ်ကမ်းအလှဟာလည်း တစ်မျိုးတစ်မည်လေး ပနံရံသင့်လှပါသည်။ တံတားငယ်လေးကို ကျွန်းသစ်သားများကိုသာ အသုံးပြုထားပြီး… တစ်ဖက်တစ်ချက်ဆီက အထူစားသစ်သားအခင်းကို ကျောမှီ၍ရအောင် ခုံတန်းရှည်သဖွယ်ပြုလုပ်ထားကာ အမိုးကိုတော့ ဓနိကိုပဲ အသုံးပြုထားသည်။
ဓနိမိုးသော တံတား၏အမိုးသည် ၁၄ပေခန့်အထိသာ ခေါင်းမိုးအဖြစ်တည်ဆောက်ထားကာ ကျန်တစ်ဝက်သည် အမိုးမပါပဲ တံတားသီးသန့်ပဲဖြစ်သည်။ တံတားထိပ်မှာကား အပေါ်နှင့်အောက် အဆင့်နှစ်ဆင့်ကိုပါ တွဲဆောက်ထား၍ အပေါ်တွင် သစ်သားခင်း တံတားသီးသီးဖြစ်ပြီး အောက်အဆင့်မှာတော့ ဝါးဖောင်ပုံစံ ဝါးနှင့်ဆောက်သော ၃ပေခန့်အနံရှိသည့် အောက်ဆင့်တံတားကို ဆောက်လုပ်ထားသည်။
လက်ရှိ စကိုင်းထိုင်နေရာမှာ အောက်ဆင့်တံတားရဲ့ အလည်တည့်တည့်ထိပ်တွင်… ရေထဲသို့ခြေချရင်း ထိုင်နေခြင်းပင်။ တည်ငြိမ်သော ရေပြင်ထက်က ပုစွန်ဆီရောင် တိမ်တိုက်တို့ရဲ့ရောင်ပြန်အလင်းတို့သည် စကိုင်းမျက်နှာကို လာရောက်ထင်းထင်ဟပ်နေစေသည်။
တစ်ခါတစ်လေ တိုက်ခက်သွားတဲ့ လေညှင်းထဲမှာ ပန်းရနံ့တစ်ခုကိုလည်း ရလိုက်ပါသေးသည်။ ခပ်ဝေးဝေးက လာသည့် ပန်းတစ်မျိုး၏ အနံ့ဖြစ်လိမ့်မည်။ ထိုအနံ့လေးသည် သင်းပျံ့သည်… ရနံ့မပြင်း… အဝေးကြီးက လာလိုက်ရလို့ အနံ့ဖျော့နေတာလည်း ဖြစ်ပါလိမ့်မည်။
စကိုင်း ထိုပန်းရနံ့ကို တဝကြီးရှူရိုက်ပစ်လိုက်သည်။ လေညှင်းလေးနဲ့ ပန်းပွင့်အနံ့သည် စိတ်ရောလူကိုပါ ရွှင်လန်းသွားစေသည်။ အပင်တွေ့လိုတွေငြား ဘေးပတ်ပတ်လည်သို့ မျက်လုံးတောင်မှောက် လျှောက်ကြည့်ပါသော်လည်း အနီးအနားမှာ စကားဝါပင်ပျိုလေးတွေသာ နေရာယူထား၏။
YOU ARE READING
Roman d'amourကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...