အပိုင်း(၁၈) (ZG+Uni)
117 8 0
(အခန်း-၁၈)
" ဟာ… ဒါက ဘာတွေလဲ ဘာကြီးတွေလဲ "
" ခေါက်ဆွဲသုပ်ပါ သခင်လေး "
ထမင်းစားပွဲခုံထက် ခေါက်ဆွဲသုပ် သုံးပွဲရှိနေသည်။ ခါတိုင်း အောက်ထပ်ကို စောစောမဆင်းတတ်တာမို့ လူကြီးတွေ မနက်စာစားပြီးမှ ဆင်းလာလေ့ရှိတာကြောင့် အိမ်မှာ မနက်စာဘာပြင်ဆင်သလဲ နေ့လည်စာဘာချက်သလဲ စကိုင်းမသိပါ။ ကိုယ်စားရမယ့်အချိန်လောက်ကိုပဲ မှန်းပြီး အောက်ဆင်းလာလေ့ရှိသည်။
ဒီမနက်တွင် အရင်နေ့တွေကထက် နောက်ကျမှ အိပ်ယာထတာမို့ မနက်စာဝိုင်းဆီကို ရွှေနန်းစံနှင့်ရွှေလွန်းယံထက် ပိုနောက်ကျနေခဲ့၏။ မနက်စာဝိုင်းမှာ မောင်နှမနှစ်ယောက်သည် ခေါက်ဆွဲသုပ်ကို မနက်စာအဖြစ် စားသောက်နေကြလေပြီ။ စကိုင်းတစ်ယောက်သာ ခုံပေါ်ရှိ ခေါက်ဆွဲသုပ်တွေကိုကြည့်ပြီး စိတ်ပျက်လက်ပျက်ဖြစ်နေရ၏။
" ဘယ်လိုတွေလဲကွာ… ဒီလောက်ဆီတွေရွှဲပြီး ငြုပ်သီးမူန့်တွေ ရဲပတောင်းခက်နေတာကို ဘယ်လိုစားရမှာလဲ? ဒေါ်ပြုံး… ဒါတွေ ဘယ်သူပြင်ဆင်ထားတာလဲ "
" ပထမသခင်မကြီးပါ သခင်လေး "
" ကျစ်… ခွေးကျွေးရင်တောင် မစားမယ့်ဟာတွေကို အချိန်ကုန်ခံပြီး ပြင်ဆင်နေသေးတယ်… ဒါတွေကို ဘယ်လိုစားရမှာလဲ ကျွန်တော်တော့မစားနိုင်ဘူးနော် မြင်ရတာနဲ့တင် ပျို့အန်ချင်လာပြီ "
မောင်နှမနှစ်ယောက် စားနေရင်းတန်းလန်း… ရှေ့နောက်မကြည့် ပြောလိုက်သော စကိုင်းရဲ့စကားကြောင့် ခေါင်းထောင်လာကြသည်။ ကြည့်ပါဦး စားနေလိုက်ကြတာ နှစ်ယောက်သားရဲ့ ပါးစပ်မှာ ဆီတွေဆိုတာ နူတ်ခမ်းရာကြီး ကွင်းလို့။ ဒီလိုသာ စားသောက်နေရင် အဆီပိတ်ပြီး ကင်ဆာပွတ်တာ မလွဲမသွေကို ခံကြရမှာပဲ။ ရှေးခေတ်ကလူတွေ တော်တော်လည်း နလပိန်းတုံးကြတာပါလား။
" တော်ပြီ… တော်ပြီ… ဒီခေါက်ဆွဲသုပ်ပန်းကန်ကို တစ်နေရာရာမှာ သွားလွှင့်ပစ်လိုက်တော့… မြင်ရတာ ကျက်သရေမဲ့တယ် "
" ဟုတ်… ဟုတ်ကဲ့သခင်လေး "
ဒေါ်ပြုံးမှာ ပြာပြာသလဲဖြင့် ခေါက်ဆွဲသုပ်ပန်းကန်ယူကာ အနောက်ဖက် ဝင်သွားလေသည်။ စကိုင်း… ပွယောင်းယောင်း ဖြစ်နေသော ဆံပင်များကို လက်ချောင်းများနဲ့ သာသာလေး လှန်တင်ရင်း မနက်စာဝိုင်းတွင် ဝင်ထိုင်လိုက်သည်။