ဖဲသမားအသုဘ (စ/ဆုံး)
——–မူရင်းရေးသားသူ – ဆရာတာတေကျုပ်ရေးခဲ့တဲ့ ‘ကိုယ်တွေ့မဖဲဝါ’စာအုပ်ကို
ဖတ်ဖူးတယ်မို့လား၊ ကျုပ်ပထမဆုံးရေးတဲ့
စာအုပ်လေဗျာ။ အဲဒီထဲမှာ ‘ဖဲသမားစကား’
ဆိုတဲ့ ဝတ္ထုတစ်ပုဒ်ပါတယ်လေ။မဖတ်ရသေးရင်လည်း ရှာပြီးတော့ ဖတ်
ကြည့်ဗျာ။ ဖဲရှုံးတော့ အရက်တွေ မူးပြီး
မဖဲဝါကို ဆဲဆိုရမ်းကားလို့ မဖဲဝါကိုယ်
တိုင် ရိုက်သတ်လိုက်တဲ့ ကိုအောင်ချစ်
လေ။ ကျုပ်နဲ့က တစ်ရွာတည်းသားတွေ။
အစ်ကိုကြီးတစ်ယောက်လို ခင်မင်တဲ့သူ
ပေါ့လေ။ သူဖဲသွားချတော့ ကျုပ်ကို အ
ဖော်ခေါ်သွားတယ်။ပထမည မီးလောင်ကုန်းရွာသင်္ချိုင်းမှာ ဝင်
ပြီး မဖဲဝါကို ခေါက်ဆွဲကြော် တစ်ထုပ်ကျွေး
င်္ပြး ဖဲနိုင်အောင် လုပ်ပေးဖို့ ပြောတယ်။ နိုင်
ရင် အမဲသားကျွေးမယ်လို့ ကျုပ်ရှေ့မှာတင်
ကတိပေးတာဗျ။အဲဒီည နိုင်လိုက်တဲ့ဖဲဗျာ။ တရုတ်သူဋ္ဌေး
တွေဆီမှာ ပါလာသမျှ အကုန်နိုင်တော့
တာဗျ။ရွာပြန်တဲ့လမ်းမှာ ကျုပ်က ငွေထုပ်
ကြီး ထမ်းလို့ပေါ့ဗျာ။ ဒါပေမဲ့ ကျုပ်မိတ်ဆွေ
ကြီး ကိုအောင်ချစ်က မြို့ကို အမဲသား သွား
ဝယ်ခိုင်းတာ မရလို့ ဆိုပြီး နောက်တစ်နေ့
မဖဲဝါကို ဘာမှမကျွေးဘူးဗျ။ကျုပ်က သတိပေးတာတောင် ကိုအောင်
ချစ်က ကျုပ်ကို ဆူလိုက်သေးသဗျ။ ဖဲနိုင်
တာ သူ့အစွမ်းနဲ့သူ နိုင်သလိုလိုတောင်
ပြောသေးတာဗျ။ အဲဒီည ဖဲရှုံးလိုက်တာ
ဗျ။ ပါသမျှ တက်တက်ကို ပြောင်ပါရော
လားဗျာ။ ဒီမှာတင် ကိုအောင်ချစ်က အ
ရက်ကို မူးအောင်သောက်ပြီး မီးလောင်
ကုန်း သင်္ချိုင်းမှာ မဖဲဝါကို မူးမူးနဲ့ ဆဲ
တော့တာပါပဲဗျာ။ကျုပ် အတန်တန်တားပေမယ့် မရဘူးဗျ။
သူက ကျုပ်ထက် အသက်ကြီးတဲ့လေဗျာ
ကျုပ်က သူတို့ လက်ပေါ်မှာ ကြီးခဲ့ရတဲ့
ကောင်မို့လား။ ကျုပ်စကားကို ကိုအောင်
ချစ်က ဘယ်နားထောင်ပါ့မတုံးဗျာ။ကျုပ်ကို ရှေ့က သွားနှင့်ဆိုလို့ ကျုပ်
ထွက်လာရုံ ရှိသေးတာဗျ။ ‘ဘုန်း၊ ဘုန်း’
ဆိုတဲ့ အသံကြီးကြားလို့ ကျုပ် လှည့်
ကြည့်လိုက်တော့ ဆံပင်ဖားလျားနဲ့ မ
ဖဲဝါကြီးက ကိုအောင်ချစ်ရဲ့ ကျောကုန်း
ကို လက်ဝါးကြီးနဲ့ ရိုက်ချလိုက်တာ မြင်
လိုက်ရတယ်။