"မောင့်ချစ်သူ အချေလေး"
Part-2
"မေမေရေ...မေမေ...
သမီး ကျောင်းကိုသွားတော့မယ်နော်""သမီးလေး ဒီနေ့မျက်နှာလေးလန်းဆန်းနေပါလား ပြုံးလို့ရွှင်လို့ မှန်းစမ်း... မဟုတ်မှချစ်သူတွေ ဘာတွေများရနေပြီလား"
အဖြူအစိမ်းဝတ်စုံလေးနှင့် ခေါင်းတွင်နှင်းဆီနီနီတစ်ပွင့်ကို ကျော့ကျော့မော့မော့ပန်ကာ စာရွက်လေးတစ်ရွက်အား လက်ထဲတွင် ကိုင်ထားကာ ပြုံးနေသော သမီးဖြစ်သူ ယွန်းမြတ်ခြယ်ကို မိခင်ဖြစ်သူ ဒေါ်မြတ်မြတ်မှ မေးလိုက်လေသည်။
"ဟာ...မေမေကလည်း သမီးအရွယ်က ချစ်သူထားရမယ့် အရွယ်လားလို့"
နှုတ်ခမ်းလေးဆူကာ မိခင်ဖြစ်သူကို ပြောနေသော ယွန်းရဲ့ အမူအရာလေးမှာ ချစ်စရာပင်။
"ကဲ...ဒါဆို မေမေ့သမီးလေးက ဘာတွေများဒီလောက်သဘောကျလို့ပြုံးနေရတာလဲကွဲ့"
"ဟီး...ကျောင်းက ကလေးလေးက သမီးကို ရည်းစားစာပေးတာ ဖတ်ပြီးသဘောကျလို့ ပြုံးနေတာပါ ပြီးတော့ စာပေးတဲ့သူကလည်း ယောကျာ်းလေးမဟုတ်ဘူး မိန်းကလေးတစ်ယောက်ပေးတာမေမေ"
"အို...ဒါဆိုမေမေ့သမီးလေးက မိန်းကလေးအချင်းချင်း သဘောကျတာလား"
မိခင်ဖြစ်သူ၏ အံ့သြသော အမူအရာ စကားများကြောင့် ယွန်း သဘောကျစွာ ရယ်လိုက်မိသည်။
"အဟား...မေမေကလည်း ပေါက်ကရတွေပြောနေပါပြီ သမီးကသဘောကျစရာလားလို့"
"မေမေက သမီးကို ယောကျာ်းယူဖို့ အမြဲတိုက်တွန်းတာကို သမီးလေးက အမြဲငြင်းဆန်ခဲ့တယ်လေ အဲ့တော့ မေမေက အဲ့လိုထင်ရတာပေါ့"
"တဂယ်လို့ သမီးက မိန်းကလေးတစ်ယောက်ကို သဘောကျနေတယ်ဆိုရင်ရော မေမေက လက်ခံနိုင်ပါ့မလား"
"အိုကွယ်...မေမေ့သမီးလေးရဲ့ ဖြစ်တည်မှုတိုင်းကို မေမေက ချစ်ပြီးလက်ခံပြီးသားပါနော်"
"အာဘွား...အများကြီး ချစ်တယ်နော်မေမေ"
"ဒီအမေကို ချွဲနေပြန်ပါပြီ ရော့...ဆွဲခြင်းလေးယူသွားအုံး...နေ့လည်စာကို သမီးကြိုက်တာလေးတွေ ချက်ထားပေးတယ်နော်"