" ဆောင်းဟွန်း၊ မင်းကောင်လေးလာပြီ "
Customer တစ်ယောက်အတွက် ကော်ဖီဖျော်နေတုန်း အနားကိုခပ်တိုးတိုးလာပြောတဲ့ ဂျေး။
" စောင့်နေလို့ ပြောပေး "
ဂျေးကို တစ်ခွန်းသာပြန်ပြောပြီး ဖျော်လက်စကော်ဖီကို ဆက်ဖျော်နေလိုက်သည်။
" ငါတို့သူဌေးကတော့ အလုပ်မှအလုပ်ပဲနော် "
ကော်ဖီဆိုင်ထဲသို့ ဆောနူဝင်ဝင်ချင်း အစ်ကိုဂျယ်ယွန်း၏အသံကိုကြားလိုက်ရသော်လည်း သူတို့ရှိနေသည့် ကောင်တာနေရာသို့ တည့်တည့်မတ်မတ်တန်းသွားလိုက်သည်။
" အစ်ကိုတို့ ကျွန်တော်လာတယ်နော် "
နှုတ်လည်းဆက်ရင်း အသင့်ပါလာသော ပီဇာဘူးကိုထုတ်ပြီး ပေးလိုက်သည်။
" Woww ကျေးဇူးပဲနော် ဆောနူ "
အားရဝမ်းသာနဲ့လှမ်းယူသော အစ်ကိုဂျယ်ယွန်းကြောင့် ဆောနူပင် ပြုံးလိုက်မိသည်။
" အရသာရှိမယ့်ပုံပဲနော် ဗိုက်တောင်ဆာလာပြီ "
ဆောင်းဟွန်းကြားစေရန် ဂျေးက တမင်အသံကိုမြှင့်ပြီးပြောသော်ငြား မထူးခြားစွာပင် လှည့်ပင်မကြည့်ဘဲ အလုပ်ဆက်လုပ်နေဆဲဖြစ်သည်။
နှစ်ယောက်သား စတင်စားသောက်နေကြသဖြင့် ဆောနူလည်း တစ်နေရာတွင်ထိုင်ကာ ဆောင်းဟွန်းဖျော်ပြီးမည့်အချိန်ကို စောင့်နေလိုက်သည်။
" အလုပ်ကြိုးစားတဲ့သူကို ချစ်သူတော်ထားရတာ ဘယ်လောက်တောင်ကံကောင်းလိုက်လဲနော် "
မှာထားသည့် Customer ကို ဆောင်းဟွန်းကိုယ်တိုင် ဖျော်ထားသည့်ကော်ဖီ သွားချပေးပြီးသည့်နောက် ပြန်လာသဖြင့် ဆောနူလည်း အနားသို့သွားလိုက်သည်။
" ဒီမှာ ကိုကိုကြိုက်တဲ့ - "
" ကြိုဆိုပါတယ် "
စကားမဆုံးမီ တံခါးဖွင့်ကာဝင်လာသည့် Customer တို့ကို နှုတ်ဆက်ကာ ကောင်တာသို့ပြန်သွားသည့် ဆောင်းဟွန်းအပြုအမူကြောင့် ဆောနူလည်း နေရာမှာပင်ကျန်ရစ်ခဲ့ရသည်။
ဤသည်ကိုမြင်လိုက်သူ ဂျေးက ဆောင်းဟွန်းနားသို့ ရောက်သွားသည်။
YOU ARE READING
Coffee or Me? 「SUNSUN」
FanfictionI'll make coffee for you ☕ [ This stoy is not my own, just translation. ]