George တစ်ယောက် မှုန်မိုင်းနေတဲ့မျက်လုံးတွေနဲ့ လက်ထဲမှာသော့ကိုကိုင်ရင်း အိမ်ရှေ့လှေကားခုံကိုတက်လာခဲ့တယ်။ဘေးပတ်ဝန်းကျင်မှာ ရံဖန်ရံခါဖြတ်သွားတဲ့ကားတွေကလွဲလို့ဘာမှမရှိ တိတ်ဆိတ်ငြိမ်သက်နေတဲ့အခြေအနေဟာ သူရဲ့အထီးကျန်ဆန်မှုကိုတိုက်ထုတ်ဖို့အတွက် အကူအညီမဖြစ်စေပါဘူး။
တိတ်ဆိတ်လာလေ သူ့အတွေးတွေကျယ်လောင်လာလေပါပဲ။
အပ်ကျရင်တောင် အသံကျယ်ကျယ်ကြားရမယ့်အထိ တိတ်ဆိတ်နေတဲ့ သူ့အိမ်ထဲကို ဝင်လိုက်တာနဲ့ပဲ သူ့ခေါင်းထဲမှာအတွေးတွေပြည့်နှက်လို့လာပါတော့တယ်။ဂျတ်ကတ်အင်္ကျီကိုလက်ကသယ်ထားရင်း
အခန်းထဲကို စိတ်မပါလက်မပါဝင်လိုက်ပြီး စားပွဲခုံပေါ်ကိုသော့တွေပစ်တင်လိုက်ကာ အိပ်ယာပေါ် ဘုန်းခနဲလှဲချလိုက်တယ်။အတော်အတန်ကြာသည်အထိ သူ့စိတ်ထဲမှာတွေးနေမိတာ တစ်ခုထဲပါပဲ..အဲ့ဒီအရာကလဲ ကောင်းသောတွေးခြင်းမဟုတ်ပါဘူး။အခုသူ့မှာရှိသမျှဟာ နောင်တတွေ,အတိတ်ကမပိုင်ဆိုင်လိုက်ရတဲ့ ချစ်ရသူတွေနဲ့သူ့ရဲ့ကောင်းမွန်တဲ့အနာဂတ်လေး...အင်္ဂလန်မှာနေတဲ့သူ့မိသားစုအိမ်ကနေ ခွဲနေကတည်းက အရမ်းအထီးကျန်နေခဲ့တာ..မြို့ဟောင်းရဲ့ အိမ်ကျဥ်းကျဥ်းလေးမှာ ပြောင်းနေခဲ့တယ်။တစ်ယောက်တည်းနေပြီး ဘယ်သူနဲ့မှလည်း အရောတဝင်မသိကျွမ်းခဲ့ဘူး။ရုတ်တရက်ဆိုသလိုပဲ အခန်းတစ်နေရာကနေ ဖုန်းမြည်သံတစ်ခု သူကြားလိုက်ရတယ်။သူ့ရဲ့ ဖုန်းကမြည်နေတာမဟုတ်ဘဲ သူအိမ်ပြောင်းစတုန်းက ရှာတွေ့ခဲ့တဲ့ရှေးဟောင်းကြိုးတယ်လီဖုန်းလေးက မြည်နေတာဖြစ်တယ်။အဲ့ကြိုးဖုန်းလေးကို သူပြင်ဖို့ ရက်ပေါင်းများစွာကြိုးစားခဲ့ပေမယ့် ပြင်မရလို့လက်လျှော့ထားခဲ့တာ..ခုတော့ ကြည့်ရတာ သုံးလို့ရသေးတဲ့ပုံပဲ။
သူအပြေးလေးသွားပြီး ဖုန်းဖြေလိုက်တယ်။
" ဟယ်လို.."
"ဟေး Sap,ဒီနေ့ Governor Schlatt ကြီးနှလုံးရောဂါထဖောက်ပြီးသေသွားတာ မင်းသိပြီးပြီလား။မယုံနိုင်စရာကြီးကွာ"
ဟိုဘက်ကလူက ဖုန်းဖြေရင်းပြောလာတယ်။
" Sorry ပါ။ဖုန်းနံပတ်မှားနေ...ဟမ်..ဒီနေ့လား"
YOU ARE READING
Flowers From 1970-DreamNotFound (mmtran)
Mystery / ThrillerThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)