The Mechanic

293 6 0
                                    

မင်းနဲ့ ပြန်လည်ဆုံစည်းနိုင်ဖို့

စက္ကူကြိုးကြာပေါင်း ၁၀၀၀

☄️

Title : The Mechanic | 机械师
Author : Lianxi Lianxi | 莲兮莲兮
Chapter : 132 (Completed)

စာရှည်မှာဖြစ်လို့ သေချာလေးဖတ်ပေးပါ။ တတ်နိုင်သမျှ ချုံ့ပြီး ရှင်းအောင် ကြိုးစားရေးထားပါတယ် ~

К сожалению, это изображение не соответствует нашим правилам. Чтобы продолжить публикацию, пожалуйста, удалите изображение или загрузите другое.


စာရှည်မှာဖြစ်လို့ သေချာလေးဖတ်ပေးပါ။ တတ်နိုင်သမျှ ချုံ့ပြီး ရှင်းအောင် ကြိုးစားရေးထားပါတယ် ~

☄️☄️

ဇာတ်ကြောင်းကို ရှင်းရမယ်ဆိုရင် ဇာတ်လမ်းမစခင် လွန်ခဲ့တဲ့နှစ် ၂၀၀ ကျော်ကို ပြန်သွားရလိမ့်မယ်။

Herman Clausen ဆိုတဲ့ ကွန်ပျူတာပညာရှင်တစ်‌ဦးက '𝐄𝐝𝐞𝐧' ဆိုတဲ့ Artificial Intelligence တစ်ခုကိုတီထွင်ခဲ့တယ်။ ပရိုဂရမ်ထဲထည့်သွင်းထားတဲ့ အဓိကဦးတည်ချက်ပန်းတိုင်က 'လွတ်လပ်မှု၊ တရားမျှတမှု၊ စည်းစနစ်ကျမှု၊ ငြိမ်းချမ်းမှု' တို့ကိုယူဆောင်ပြီး  ပိုမိုကောင်းမွန်တဲ့ ကမ္ဘာသစ်တစ်ခုဖန်တီးဖို့ရာဖြစ်တယ်။ လူတွေကလည်း Eden ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြတယ်။

Eden က သူ့ Database မှာရှိတဲ့ Biased ကျတဲ့အချက်အလက်ကနေ လူ့သမိုင်းမှာ Y ခရိုမိုဇုန်းတွေက စစ်ပွဲတွေကို ဖန်တီး၊ စစ်ပွဲတွေကိုဦးဆောင်ပြီး၊ သတ်ဖြတ်ရန်လိုတတ်တဲ့ သဘောသဘာဝရှိတာကို ရှာဖွေတွေ့ရှိခဲ့ပြီး ငြိမ်းချမ်းခြင်းကိုဖျက်ဆီးတဲ့ တရားခံက ‌အမျိုးသားတွေပဲလို့ ကောက်ချက်ချခဲ့ပါလေရော။

အဲလိုနဲ့... နည်းပညာတွေ ပိုတိုးတက်လာပြီးတော့ မိန်းမတွေ‌လည်း ကိုယ်စွမ်းကိုယ်စနဲ့ ရပ်တည်နိုင်လာတယ်။ နောက်ဆုံးမှာ မျိုးပွားဖို့အတွက်တောင် ယောက်ျားနဲ့ မိန်းမ အကူအညီမလိုတော့တဲ့အထိပဲ။ အချင်းချင်းမဖြစ်မနေလိုကိုလိုအပ်တဲ့အခြေအနေမျိုးမရှိတော့တဲ့နောက် ပဋိပက္ခတွေပိုမိုဖြစ်ပွားလာပြီး အဆုံးသတ်မှာ ယောကျာ်းနဲ့ မိန်းမကြား ကမ္ဘာစစ်ကြီးဖြစ်လာတဲ့အထိပဲ။

Untitle 🍀Место, где живут истории. Откройте их для себя