မတူညီသောကောင်းကင် The Sky
(အခန်း-၂၂)အခုတလော မရေရာတဲ့အိပ်မက်တွေကို မက်မိနေတာ နှစ်ညဆက်တိုက်ရှိနေပြီ။ အိပ်မက်ထဲတွင် လူတစ်ဦးက စကိုင်းကို သူ့အားရှာရန် အကူညီတောင်းနေခြင်းပင်။ ဘယ်သူမှန်းမသိ... မျက်နှာကိုမမြင်ရ... အသံတစ်ခုသာ ကြားရပြီး အကောင်အထည်လည်း မမြင်ရပါ။ ကြားရသလောက်တော့ ယောကျာ်းငယ်တစ်ဦး၏ အသံဖြစ်သည်။ လူကိုမမြင်ရပေမယ့် အသံကိုပီပီသသကြီးကို ကြားနေရတာပါ။
" ရှာပါ... ငါ့ကိုအမြန်ရှာပါ " ဆိုသော ထပ်တလဲလဲ ပြောနေသည့်အသံများက စကိုင်းလန့်လန့်နိုးတိုင်း နားထဲမှာ ပဲ့တင်ထပ်နေသည်။ သန်းခေါင်ယံကျော်လျှင် အိပ်မရတော့ပါဘူးဆိုနေကာမှ ဒီမသေချာမရေရာတဲ့ အိပ်မက်တွေကြောင့် စကိုင်းစိတ်တွေညစ်ရသည်။
အိပ်မက်မက်ပြီးတိုင်းလည်း တောကြီးနက်မည်းထဲမှာ တစ်ယောက်တည်းပြေးနေရသလို ခံစားချက်က အမောဆို့မတက်အောင် ဝေဒနာဆိုးဝါးစေသည်။ ထိုအခါမှာ စကိုင်းတစ်ယောက် ဟန်ပင် မဆောင်နိုင်တော့တဲ့အထိ ရေခရားအိုးကို မငှဲ့တော့ပဲ ဒီအတိုင်း တစ်ကိုယ်လုံးရွဲစိုသွားအောင် မော့သောက်ပစ်မိပါ၏။
စကိုင်းအတွက် ထိုအခြေအနေသည် လုံးဝအဆင်ပြေမနေပါ။ အိပ်မက်လို့ ရှုပ်ထွေးရတာတစ်ကြောင်း... လန့်နိုးရလို့ မောဟိုက်ရတာတစ်ဖုံနဲ့ ကြာရင် သေနိုင်ဖွယ်ရာရှိသည်။ ကြားထဲမှာ ကိုယ်လန့်နိုးလာလို့ ခရာကပါ အိပ်ရေးပျက်ခံကာ အဖော်ပြုပေးနေရသေးသည်။ မဖြစ်သေးပါ... ဒီလိုထားလို့ မဖြစ်သေးဘူး။ ဘာအကြောင်းအရင်းကြောင့် ဖြစ်ရတာလဲသိရအောင် စုံစမ်းရပေမည်။
သို့သော် ဘယ်နားကနေ စစုံစမ်းရမလဲ စကိုင်းမသိ။ ထိုသို့နေရာတွေမှာ စကိုင်းမကျွမ်းကျင်ပါ။ ခေတ်လူငယ်လည်းဖြစ်တာမို့ စူးစမ်းလေ့လာခြင်းပင် မရှိခဲ့။ တစ်ခုခုပတ်သက်နေတာတော့ သေချာသည်။ နှစ်ရက်ဆက်တိုက် ထိုအိပ်မက် တစ်ခုတည်းကိုသာ မြင်မက်နေရတာက တော်ရုံတိုက်ဆိုင်မူမှ မဖြစ်နိုင်ပဲ။ ဒါကြောင့် တက်ကျွမ်းနားလည်တဲ့ဆရာကို မေးမြန်းရန် စကိုင်းဆုံးဖြတ်လိုက်သည်။
YOU ARE READING
Romansaကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...