အပိုင်း (၂၄) (ZG+Uni)
109 8 0
မတူညီသောကောင်းကင် The Sky
(အခန်း-၂၄)
စကားဝါအိမ်တော်သို့ ခရာပြန်ရောက်လာရင်ပဲ... သတင်းဆိုးတစ်ခုသည်ကလည်း ပါလာခဲ့လေသည်။ ထိုအရာကတော့ သခင်လေးစကိုင်း ပျောက်ဆုံးသွားခြင်းပင့် ဖြစ်သည်။ ခရာလက်လှမ်းမီသလောက် စကိုင်းကို ရှာဖွေပါသော်လည်း ဘယ်မှာမှကိုမတွေ့ရတော့ပါ။ သခင်လေးစကိုင်းနဲ့ နောက်ဆုံးရှိခဲ့သော တောထဲက တဲအိမ်ငယ်လေးသို့ အခေါက်ခေါက် အခါခါပြန်ရှာဖွေပေမယ့် ထူးဆန်းစွာပဲ ထိုတဲအိမ်ငယ်ကပါ နေရာ၌ရှိမနေခဲ့ချေ။ မြေအလွတ် ကွက်လပ်တစ်ခုသာ ရှိနေခဲ့၏။
အနီးအနားတစ်ဝိုက်ကို သေသေချာချာ ရှာဖွေပါသော်ငြား... သခင်လေးစကိုင်းရဲ့ အရိပ်အယောင်မပြောနဲ့ တဲအိမ်နဲ့တူတဲ့ တောင်ပို့တစ်ခုတောင် မတွေ့ရပါ။ နောက်ဆုံးမှာ ရှာမရတော့သည့်အဆုံး အိမ်တော်ပြန်ပြီး သခင်ကြီးတို့ကိုပဲ အကျိုးအကြောင်းပြောကာ စကိုင်းအား ရှာဖွေမူလုပ်ရသည်။ နှစ်ရက်ခန့်ရှိလေပြီ... စကိုင်းကို အခုထိရှာလို့မတွေ့သေး။
ထိုကိစ္စနဲ့ပတ်သက်၍ သခင်ကြီးပေးတဲ့ကြိမ်ဒဏ်ကို ခရာကျောကွဲအောင် ခံခဲ့ရပြီးပြီ။ နှစ်ရက်လုံးလုံး အစိုးရနဲ့ပူးပေါင်းတိုင်ပင်ပြီး ရှာဖွေပေမယ့်လည်း ဘာအစအနမှမရသေးပါ။ စကိုင်းပျောက်ဆုံးသွားသော ၎င်းနေရာသည် အခုထက်ထိ မြေကွက်လပ်အတိဖြစ်ဆဲ။ စကိုင်းအတွက် အားလုံးက ပူဆွေးနေကြရသည်။
သခင်မကြီးဒေါ်ဝတ်မှုံရည်သည်မှာ သတိရတစ်ချက် မရတစ်ချက်ဖြင့် သားစိတ်နဲ့ ပူပင်သောကပွားဆဲ။ အစေခံတွေက ဝိုင်းဝန်းဖျောင်းဖျပေးနေရသည်။ အခုချိန်မှာ သခင်လေးစကိုင်းအတွက် ရှာဖွေခြင်းနှင့် ဆုတောင်းပေးရုံမှတစ်ပါး အခြားမတတ်နိုင်ပေ။
စမ်းရေကြည်အိမ်တော်သည်ကလည်း အတတ်နိုင်ဆုံး လိုက်လံရှာဖွေပေးနေကြပါသည်။ ထိုထဲမှာမှ ဝသုန်သည်... မနားမနေအကြိုးစားဆုံးဖြစ်၏။ သူ့ခမျာ ချစ်ရသူကြောင့်နဲ့ စားချိန်လည်းမစားနိုင်... အိပ်ချိန်မှာလည်းမအိပ်နိုင်နဲ့ စကိုင်းကိုသာ အချိန်တိုင်းစိတ်ပူပေးနေရှာသည်။ စကိုင်းကို ပြန်တွေ့မှသာလျှင် သူလည်း... စိတ်အဆင်ပြေနိုင်မယ်ထင်ပါရဲ့။ ခုတော့ အပူလုံးကြီးကို ရင်ဝယ်ပိုက်၍ ပျောက်ဆုံးနေသူ ချစ်ရသူသို့သာ တမ်းချင်းပြုနေရပေသည်။