အပိုင်း (၂၅) (ZG+Uni)
120 7 0
မတူညီသောကောင်းကင် The Sky
(အခန်း-၂၅)
မဖြစ်နိုင်ဘူးလို့ အခါခါငြင်းဆိုလိုက်တိုင်း ခေါင်းထဲက အမှန်တရားတွေဟာ အသိသက်သေပြုလေတယ်။ လူတွေပြောသလို အမှန်တရားဆိုတာ နည်းနည်းတော့ ခါးတယ်ဆိုတာမျိုးပေါ့။ ဒါပေမဲ့… စကိုင်းကြုံတွေ့လိုက်ရတဲ့ အမှန်တရားမှာ အနည်းငယ် ခါးသက်နေတာမျိုးမဟုတ်ဘူး။ အလွန်တရာကိုမှ ခါးသီးလွန်းတဲ့ အမှန်တရားတစ်ခုပါပဲ။ ထိုအမှန်တရားကြီးကို ကြောက်လွန်းလို့ ၎င်းရပ်ဝန်းနဲ့ ဝေးရာဆီ အနောက်ပြန်လှည့်မကြည့်ပါပဲ စကိုင်းထွက်ပြေးမိခဲ့၏။
အချိန်တွေဘယ်လောက်ထိ ထွက်ပြေးလာခဲ့မိသလဲ သတိမထားမိဘူး။ ဘယ်နေရာရောက်လို့ ဘယ်ကို ပေါက်နေမှန်းလည်း မစူးစမ်းမိဘူး။ လက်ရှိ အရေးကြီးနေသည်မှာ သခင်ဆိုသော ယုတ်မာသည့် အောက်လမ်းဆရာရဲ့လက်တွင်းကနေ အပြီးအပိုင် လွှတ်မြောက်နိုင်ရမည်။ သခင်ဆိုသောသူသည် အတော့်ကိုပင် ယုတ်မာလှသည်။ သူတစ်ပါး၏ သားပျိုသမီးပျိုကို သနားညှာတာခြင်းအလျဉ်းမရှိပါပဲ စိတ်ရှိသလို ဖျက်ဆီးရက်သည်။
ကိုယ်က သူ့ကို အစ်ကိုဇွဲယံထင်ပြီး နှစ်ရက်တိတိ တစ်အိမ်တည်း အတူနေထိုင်လာခဲ့မိတာ။ ဘယ်သူကထင်မိမှာလဲ… နောက်ဖေး(အလေး)ခဏသွားရင်း ပြန်လာတော့ လူမဆန်တဲ့လုပ်ရပ်မျိုးနဲ့ ပတ်ပင်းတိုးရတာ။ တကယ်တော့ အစ်ကိုဇွဲယံဆိုတာက သူတစ်ပါးသားသမီး မပြောနဲ့… သူ့ချစ်သူကောင်မလေးခွင့်မပြုရင် လက်ကလေးတောင် တို့ထိတာမဟုတ်ဘူး။
နောက်ပြီး… အစ်ကိုဇွဲယံက ကြင်နာတတ်ပြီး နွေးထွေးတဲ့ နှလုံးသားတစ်စုံကို ပိုင်ဆိုင်ထားသေးတယ်။ သူ့အနားနေရင်ပဲဖြစ်စေ သူ့မျက်နှာကို အမှတ်တမဲ့လှမ်းကြည့်မိရင်ပဲဖြစ်စေ မျက်ဝန်းထဲကတစ်ဆင့် နွေးထွေးမူအငွေ့အသက်လေးကို ခံစားရစေတာ။ သခင်ဆိုတဲ့လူကတော့ ထိုသို့မဟုတ်ဘူး။
သူဘယ်လောက်ပဲ အစ်ကိုဇွဲယံနဲ့ ရုပ်ချင်းခွဲမရအောင် တူနေပါစေ… သူ့အနားရောက်ရင် ပူလောင်တဲ့ခံစားမူမျိုးကို အချိန်တိုင်းခံစားနေရတယ်။ အစက ထူးဆန်းပါတယ်လို့ ထင်မိပေမယ့် ပြောင်းလဲတတ်သည့် သဘာဝပဲဖြစ်မှာပါဟု မှတ်ယူထားခဲ့မိတာ။ အရာအားလုံးဟာ မှားယွင်းသွားခဲ့တာချည်းပါပဲ။ အောက်လမ်းဆရာသခင်သည် အစ်ကိုဇွဲယံမဖြစ်နိုင်… ဘယ်နည်းနဲ့မှမဖြစ်နိုင်။