အပိုင်း(၂၈) (ZG+Uni)
108 8 0
မတူညီသောကောင်းကင် The Sky
(အခန်း-၂၈)
  ဘာလိုလိုနဲ့ ဇွဲယံအမေ ဒေါ်ခင်စံပယ်ဆုံးတာ ၁၀နှစ်တောင် ကျော်ခဲ့လေပြီ။ သည်ကနေ့ဟာ ဒေါ်ခင်စံပယ်၏ ၁၀နှစ်နဲ့၅လ ကွယ်လွန်ခြင်းအထိမ်းအမှတ်နေ့ဖြစ်သည်။ ဒီနေ့မှာ ဇွဲယံတစ်ယောက် ဘယ်ကိုမှ မသွားဖြစ်ပါ။
ကြာဇံချက်လေးလုပ်ပြီး ဘုရားဆွမ်းလှူ၊ အိမ်နီးနားချင်းများအားပို့ပေး၍ ဒေါ်ခင်စံပယ်အတွက် ကောင်းမူကုသိုလ်လုပ်ဖြစ်သည်။
နှစ်တွေ အတော်ကြာခဲ့ပြီဆိုပေမယ့် မိခင်၏ အထိမ်းအမှတ်နေ့ကို ဘယ်တော့မှမမေ့ခဲ့ပါ။ နှစ်တိုင်း တစ်ခုမဟုတ်တစ်ခုတော့ အလှူလုပ်ဖြစ်သည်။
ထို့အတူပဲ ယခုထက်ထိ ရှာမတွေ့သေးသည့် ညီလေးဖြစ်သူကိုလည်း ဘေးကင်းပြီး ပြန်တွေ့နိုင်စေရန် အချိန်တိုင်းဆုတွေတောင်းခဲ့ပါသည်။ ဤသည်နဲ့ဆို ညီလေးစကိုင်းပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခု ရှိခဲ့ပြီပေါ့။
နေကောင်းကျန်းမာနေရဲ့လားမသိ… အဆက်အသွယ်မရသလို ဘာသတင်းကိုမှ မကြားခဲ့ရပါ။ လူ့လောကမှာမှ သက်ရှိထင်ရှားရှိနေပါလေစ။ ထိုသို့တွေးမိတိုင်း ဇွဲယံစိတ်မကောင်းဖြစ်ရသည်။ ကိုယ့်…အမေကြောင့်နဲ့ လောကကြီးအကြောင်းဘာမှမသိသေးတဲ့ ညီလေးစကိုင်းဟာ အိမ်ပေါ်ကနေဆင်းသွားခဲ့ရာမှ ယနေ့ထိတိုင် သတင်းအစအနမကြားရလောက်အောင် ပျောက်ဆုံးနေခဲ့ရသည်။
လက်လှမ်းမီသလောက်တော့ ဇွဲယံကြိုးစားရှာဖွေခဲ့ပါသည်။ ရဲစခန်းသို့လည်း အမူဖွင့်တိုင်ကြားခဲ့သေး၏။ အချည်းနှီးပါပဲ… ဘာဆိုဘာမှ မရရှိခဲ့ရပါ။ ဒါ့အပြင် ဖုန်းတစ်ကော မက်ဆေ့တစ်စောင်တောင် အကြောင်းမကြားလေတော့ စိတ်ပူပန်နေရတာ မဆန်းကြယ်လှပါလေ။
ရက်လနှစ်တို့ ရာသီအလီလီပြောင်းလဲ၍ ၁၀နှစ်ဆိုသော မနည်းသည့်အချိန်ကာလတစ်ခုသို့ ပြောင်းရွေ့ခဲ့လေပြီ။ ဇွဲယံလည်း အသက်သုံးဆယ်ကျော် အရွယ်ကို ကူးပြောင်းခဲ့လေပြီဖြစ်၏။ သို့ပေမယ့် ပျောက်ဆုံးနေသော ညီဖြစ်သူစကိုင်းကို ရှာဖွေရင်းနဲ့ပဲ အချိန်တွေလွန်လာလိုက်တာ ယခုထိတိုင်ပင် သူသည် အိမ်ထောင်မပြုရသေးပါ။ လူပျိုကြီးဘဝနှင့်သာ ပျောက်ဆုံးနေသူကို မနားတမ်းရှာဖွေနေခဲ့ပါသည်။