အပိုင်း(၂၉) (ZG+Uni)
111 7 0
မတူညီသောကောင်းကင် The Sky
(အခန်း-၂၉)
တစ်ညနေလုံး သာယာနေတဲ့ရာသီဥတုသည် ညဆယ်နာရီဝန်းကျင်ခန့်တွင် လေပြင်းများ စတင်တိုက်ခက်လာသည်။ ပြင်းလွန်းလို့ သစ်ကိုင်းများပါ ယိမ်းထိုးလူပ်ရှားနေကြ၏။ ၀ါးတဲအိမ်အတွင်းကနေ ပြတင်းပေါက်မှတစ်ဆင့် အပြင်ကို လှမ်းကြည့်လိုက်တော့ ပတ်ဝန်းကျင်သည် မှောင်မိုက်လွန်းလှသည်။
အမှန်အားဖြင့် ယနေ့ညသည် လပြည့်နေ့မဟုတ်ပါလား။ သို့သော် လရောင်မပြောနှင့် အလင်းမူန်အလင်းလေးမွှားပင် မမြင်ရပါ။ လေပြင်းတိုက်ခက်မူကြောင့် ဝါးအိမ်လေးသည် တစ်ခါတရံ လူပ်လီလူပ်လဲ့ဖြစ်နေသည်။ ပြိုကျမှာတောင် စိုးရိမ်ရသည်။
စကိုင်းမှာ မကျဉ်းမကျယ်ပြတင်းပေါက်နားကနေ အပြင်ကို မရဲတရဲလေး စောင်ခြုံ၍ လှမ်းကြည့်နေမိသည်။ ဆောင်းရာသီပါဆိုမှ အခုလို လေပြင်းများတိုက်ခက်တော့ ပြောစရာမလိုအောင် ချမ်းပြီပေါ့။ ဘယ်လိုပင်ဖြစ်ပါစေ… လွတ်မြောက်ရန် အရေးကြီးသည်။ ချမ်းမကလို အေးခဲနေပါစေ ဘယ်နည်းနဲ့မှ ဆရာရသေ့၏တဲအိမ်ကနေ ထွက်၍မဖြစ်ပေ။
တဲအိမ်လေးပြိုကျသွားရင်တောင် အပြိုအပျက်အောက်ကနေ ကုပ်ကပ်ပြီးကို နေဦးမှာ။ ယဇ်ပူဇော်တော့ အထိမခံနိုင်ဘူး။ ဒီတစ်ခါတောင့်ခံနိုင်ရင် နောက်နောင် ဟိုအယုတ်တမာ အောက်လမ်းဆရာလက်က အပြီးတိုင်လွတ်မြောက်သွားမှာ။
ဟုတ်တယ် လွတ်မြောက်သွားမှာ။
တစ်ကိုယ်တည်း စိတ်အားပေး၍ စကိုင်းမှာ ကိုယ်ကိုကျုံ့နိုင်သလောက် ကျုံ့ထားလိုက်မိသည်။ တဲပြိုရင် အထိခိုက်နည်းအောင်လို့ပါလေ။
" အဆင်ပြေရဲ့လား ကောင်လေး "
တဟူးဟူးလေသံကြားက မင်းစံအသံကို ကြားလိုက်ရသည်။ အပြင်ကနေ လှမ်းပြောနေတာဖြစ်၏။
" ပြေတယ်အစ်ကို…၊ တဲမပြိုကျရင်ပေါ့ "
" စိတ်မပူပါနဲ့ မပြိုနိုင်ပါဘူး… ဒီလေတွေက သခင်လာနေပြီဆိုတာကို အသိပေးနေတဲ့လေတွေပါ သူရောက်ရင် ရပ်ပါလိမ့်မယ် "
" ဇာတ်ကားထဲကလိုပဲနော် သရဲကားဆန်လိုက်တာ "
" သခင်က သူလိုချင်တာကိုရအောင်ယူမှာပဲ ဒီတော့… ကောင်လေးအပြင်ထွက်လာအောင် အမျိုးမျိုးလုပ်မှာ ဘာဖြစ်ဖြစ် လုံးဝအပြင်ကိုထွက်မလာပါနဲ့ "