အပိုင်း(၃၀) (ZG+Uni)
126 9 0
မတူညီသောကောင်းကင် The Sky
(အခန်း-၃၀)
  နှင်းမြူများဖြင့် လှချင်တိုင်းလှနေပါသည့် ဆောင်းမနက်ခင်းလေး။ ဘုရားပန်းအိုးထဲမှာ ပန်းများညိုးနွမ်းနေတာနဲ့ ပန်းခူးရန် ကတ်ကြေးတစ်လတ်ဖြင့် ခြံဝန်းထဲ စကိုင်းဆင်းလာခဲ့သည်။ ခြံဝန်းတွင်းရှိ ပန်းပွင့်များသည် ငွေရည်နှင်းစက်တို့ကြောင့် လိုက်ဖက်မူ ရှိနေလျှက်။ ဆောင်းရဲ့အအေးဒဏ်ကြောင့်ထင်ပါ၏… ပန်းပင်များသည် မလူပ်မယှတ် အအေးဒဏ်ကို အံတုနေကြရသည်။
သားမွှေးအနွေးထည် ၀တ်ဆင်ထားတဲ့ စကိုင်းတောင်မှ လက်ဖဝါးသားတွေ အေးစက်မူဖြင့် ရဲသွေးပျိုးနေသည်။ အရမ်းအေးပေမယ့် ခြံထဲရောက်နှင့်ပြီးမို့ ပန်းများခူးပြီးမှ အပေါ်ပြန်တက်ရန်တွေးလိုက်ပြီး နီရဲရဲဖူးကြွကြွ နှင်းဆီပန်းလေးတစ်ခက်အား ခူးဆွတ်ရန် လက်ရွယ်လိုက်သည်။ ထိုအချိန်မှာပဲ…
" ပြောစရာရှိလို့ ခဏလောက်လိုက်ခဲ့ပါ "
" နေ… နေပါဦးအစ်ကိုရဲ့…… "
စကိုင်းပြောသည်ကို ဂုဏ်မာန်မကြားလိုက်သလိုဖြင့် လက်ဆွဲကာ အိမ်ထဲခေါ်လာခဲ့လေသည်။ စကိုင်းလည်း ဘုမသိဘမသိနဲ့ အိမ်ထဲပါလာခဲ့ရ၏။
" ဘာဖြစ်လာတာလဲအစ်ကိုရဲ့… ရွာထဲသွားမလို့ဆို ပြန်လာတာ စောလှချည်လား "
" ငါရွာထဲရောက်ခဲ့ပြီးပြီ မင်းနဲ့ပတ်သက်တဲ့ သတင်းတစ်ခုရလာလို့ အမြန်ပြန်လာလိုက်တာ "
" ကျွန်တော့်သတင်း…? ဘာများလဲအစ်ကို "
" ဒီမှာဖတ်ကြည့် "
ခြံထဲဝင်လာကတည်းက ဆုပ်ကိုင်လာသော ညိုညစ်ညစ် စာရွက်ခေါက်လေးကို ဂုဏ်မာန်…ဖြန့်ပြလာသည်။ စကိုင်း ယူကြည့်လိုက်တော့ အထဲတွင်… လူပျောက်ကြော်ငြာစာနှင့် အဖြူအမည်းတစ်ပုံကို တွေ့ရသည်။
" ဒါက ကျွန်တော်ပဲ ၊ ကျွန်တော့်ကို ရှာနေကြတာ "
" ဟုတ်တယ် မင်းကိုရှာနေကြတာ ရွာထဲက လူတွေပြောစကားအရ သိပ်မကြာသေးခင်ကမှ မင်းပျောက်သွားလို့ အပူတပြင်းရှာနေကြတာတဲ့ "
" ဘယ်လို… သိပ်မကြာခင်ကမှ ဟုတ်လား? ဘယ်လိုဖြစ်တာလဲ ကျွန်တော်ပျောက်သွားတာဖြင့် လက်ချိုးရေပြလို့တောင် မရတော့တာကို "