မတူညီသောကောင်းကင် The Sky
(အခန်း-၃၁)လူသားတစ်ဦးဟာ သေလွန်သွားခဲ့ရင်… ဘယ်အရာကိုမှ ချန်ထားရစ်ခဲ့ခြင်းမရှိဘူးလို့ ကြားဖူးတယ်။ ဒါဟာ မှားယွင်းခြင်း ယူဆချက်လို့ ကျွန်တော်ထင်မိပါရဲ့။ တကယ်တော့ တစ်စုံတစ်ခုကို သူတို့ချန်ရစ်သွားခဲ့ပါတယ်။
အဲဒီအရာဟာ လောကမှာ လူရယ်လို့ဖြစ်လာရင် အသိအမှတ်ပြုဖို့အတွက် နာမ်စားတစ်ခုကို ရေးထွင်းရစမြဲ။ ဟုတ်ပါတယ်… နာမည်လေးတစ်ခုပါပဲ။ ဘယ်အရာတွေက ပြယ်လွင့်ပျောက်ကွယ်သွားပါစေ တစ်သတ်လုံးအတွက် အမှတ်တရသက်သေအဖြစ် အမည်နာမတစ်ခုကတော့ ကျန်ရှိတတ်စမြဲပါ။
ဖြစ်တည်မူသာ ထာဝရပျောက်ဆုံးကောင်း ပျောက်ဆုံးပါလိမ့်မယ်။ မှတ်ဥာဏ်အချို့သည် သေထိပျောက်ကွယ်မသွားခဲ့ဘူး။ ရာသီတွေနှစ်တွေ ပြောင်းလဲသွားကြပါလိမ့်မယ်၊ လက်ဆင့်ကမ်းမည့် အသိမှတ်ဥာဏ်တွေကား ပြောင်းလဲကွယ်ပျောက်မှာ မဟုတ်ပါဘူး။
ထို့အတူပဲ… လူဖြူလူမည်း မခွဲခြားစေကာ စေတနာအရင်းခံဖြင့် ကိုယ်တတ်တဲ့ ပညာရပ်လေးနဲ့ သူတစ်ပါးကို ကူညီကယ်တင်ပေးတတ်သော လူတစ်ယောက်သည်လည်း ဘယ်သောအခါမှ ပျောက်ဆုံးမသွားပါ။ ဟုတ်ပါတယ်… သက်ရှိဖြစ်စဉ်ကတော့ တိမ်ကွယ်သွားကြမှာပေါ့။
ဒါပေမဲ့ သေချာတယ် လူသားတို့ရဲ့ နှလုံးသားထဲ ရေးထိုးခဲ့ကြသော ကဗ္ဗည်းငယ်တစ်ခုဟာ ဘယ်သောအခါမှ ဘာအကြောင်းတရားနဲ့မှ မြူမူန်တစ်စသဖွယ် ဖြစ်မှာ မဟုတ်ပေ။ သတိရခြင်းများစွာဖြင့် နှလုံးသည်းပွတ်ထဲက အမှတ်ရနေကြမှာပါ။
ကျွန်တော်ပြောတာ ဟုတ်တယ်မလား အစ်ကိုစံမင်း။ အစ်ကို့ကို ကျွန်တော်အပါအဝင် အစ်ကို့လူနာရှင်တွေ သက်ဆုံးထိတိုင် အမှတ်ရနေကြလိမ့်မှာ။
" ပြန်ရအောင်လေ My Sky… "
စကားမဆိုမိပါပဲ ခေါင်းလေးကို အသာညိတ်ပြမိလိုက်သည်။ နောက်ဆုံးအနေဖြင့် တောပန်းလေးတွေ ဝန်းရံနေပါသော မြေပုံငယ်လေးကို ဒူးထောက်ပြီး သုံးကြိမ်တိတိ ကန်တော့လိုက်သည်။
လက်ခံပါအစ်ကို… ဘာပကာသနမှ မပါလို့ စိတ်မခုပါနဲ့။ အစ်ကို့အတွက် ကျွန်တော်ပေးဆပ်နိုင်တာ ဒါလေးပဲရှိတာမို့လို့ စိတ်မဆိုးပါနဲ့။ ပြန်လာခဲ့မယ်ဆိုပြီး နှစ်ရက်တိုင်တိုင် အိပ်ပျော်နေခဲ့တဲ့ ကျွန်တော့်ကိုလည်း အပြစ်မမြင်ပါနဲ့။ အများသူငါတွေလို အဖော်တွေအများကြီးရဲ့ဘေးမှာ မမြုပ်နှံပေးလိုက်ရလို့ မသိမ်ငယ်ပါနဲ့။
YOU ARE READING
Lãng mạnကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...