မတူညီသောကောင်းကင် The Sky
(အခန်း-၃၂)ရွာဦးဘုန်းကြီးကျောင်းသို့ ဆွမ်းချိုင့်ပို့ပြီးပြန်အလာ ထန်းတောကိုဖြတ်ချိန်ဝယ် ခရမ်းရောင်ပန်းတစ်ပွင့် စကိုင်းရှေ့ကြွေကျလာသည်။ အပေါ်မော့ကြည့်မိသောအခါ ထန်းပင်စည်အား ရစ်ပတ်နေသော အစိမ်းရင့်ရောင် နွယ်ပင်တွေကြား အဆုပ်လိုက် ပွင့်ဖူးနေကြသည်။ ဘာပန်းမှန်းမသိပါ… အတော်တော့ လှပါသည်။
ကောက်ယူကာနမ်းရိုက်မိစဉ် ရနံ့မရှိ။ တစ်စက်ကလေးမှကို ရနံ့မရှိရှာတာပါ။ ပန်းပုံစံမှာ သစ်ခွပန်းသဏ္ဍာန်မှန်ပေမယ့် သစ်ခွပန်းလည်း မဟုတ်ပေ။ ပွင့်ဖတ်လေးတွေမှာသာ ခရမ်းရောင်ကို ဆေးခြယ်ထားသော်လည်း အောက်ခြေမှာကား ခရမ်းရောင်နုဖျော့ဖျော့လေး။ တောရိုင်းပန်းတစ်မျိုး ဖြစ်လိမ့်မည်။
အမှန်ပြောရရင် ဒီပန်းကို စကိုင်းမမြင်ဖူးပါ။ သေချာအောင်ပြောရရင် ပန်းပေါင်းမြောက်များစွာမှာ စကားဝါပန်းတစ်မျိုးကိုသာ မရိုးနိုင်အောင်မြင်ဖူးပါသည်။ ထိုသို့ဖြစ်ရခြင်းမှာလည်း စကိုင်းကိုယ်၌က အပြင်ထွက်လေ့ထွက်ထ မရှိတာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
တစ်နေ့လုံးလိုလို အခန်းထဲအောင်းကာ စာဖတ်ရင်ဖတ် မဖတ်ရင် အဝတ်ရုပ်လေးတွေကိုပဲ ချုပ်နေတတ်တာမို့ ပြင်ပဗဟုသုတသည် စကိုင်းနဲ့ အလှမ်းဝေးကွာလှသည်။
ယခုအခါမှ… စိတ်သစ်လူသစ် တစ်ယောက်ပမာ မလုပ်ဖူးတဲ့အရာမှန်သမျှ စကိုင်းပြုလုပ်ချင်မိလာသည်။ ဦးစွာပထမ စကားဝါအိမ်တော်သို့ ပြန်ရောက်ရောက်ချင်း စကိုင်းစဉ်းစားမိသည်မှာ ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့ခြင်းပင်။ တစ်ခါမှမလုပ်ဖူးတဲ့ အရာထဲမှာ ဆွမ်းပို့ခြင်းလည်းပါသည်။
လူမှန်ရင် တစ်ခါလောက်တော့ ဆွမ်းချိုင့်ပို့တာကို လုပ်ဖူးရမည်ဟု အမေပြောဖူးနေကျ စကားအတိုင်း ဒီကနေ့မှာ စကိုင်းဆွမ်းချိုင့်ပို့ပြီးခဲ့ပါပြီ။ ဘုရားရိပ် တရားရိပ်တွေ ကွန်းခိုရာ ဘုန်းကြီးကျောင်းမှပြန်အလာတွင် စိတ်တွေက အေးချမ်းနေခဲ့သည်။ ကောင်းမူကုသိုလ် လုပ်တယ်ဆိုတာ ဒါပါလားဟု သိရှိစေတဲ့ ခံစားချက်ကလေး။ ကြည်နူးမိပါရဲ့… ။
YOU ARE READING
रोमांसကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...