မတူညီသောကောင်းကင် The Sky
(အခန်း-၃၃)နေ့လည် ဆယ့်နှစ်နာရီခန့်... ဦးချစ်လေးငယ် အလောတကြီးဖုန်းဆက်လာတာကြောင့် ဇွဲယံတစ်ယောက်မှာ ရေးကြီးသုတ်ပြာဖြင့် ပြတိုက်ဆီ အလောတကြီး ပြေးလာလိုက်ရသည်။ ဝန်ထမ်းတွေကို နှုတ်ဆက်ဖို့တောင် သတိမရ။ ရုံးခန်းထဲသို့ မြန်သောခြေလှမ်းတွေနဲ့ ၀င်လာခဲ့လိုက်ပါသည်။ ရုံးခန်းတွင်မှာ ဦးချစ်လေးငယ်တစ်ယောက်တည်း ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေသည်။ သူ့မျက်နှာထက်မှာ အံ့သြစရာတစ်ခုခုကို တွေ့ရှိထားသလို... ထိုအရာအား နားမလည်နိုင်သည့်အမူအရာကိုပါ မြင်နေရသည်။
" ဘာဖြစ်တာလဲလေးလေး အရေးကြီးတယ်ဆို "
" ဟုတ်တယ်မောင်ဇွဲယံ... လာဒီကို လေးလေးပြမယ် "
ဦးချစ်လေးငယ်က ဇွဲယံလက်ကိုဆွဲကာ ခုံပေါ်တင်ထားသည့် စာအုပ်ထူကြီးတစ်အုပ်ကို လှန်ပြနေသည်။ ထိုစာအုပ်ကို ဇွဲယံသိသည်။ ဒါဟာ မတူညီသောကောင်းကင် စာအုပ်ပဲ မဟုတ်လား။
" လေးလေး... ဒါ တလောက ကျွန်တော်ဖတ်တဲ့ စာအုပ်မလား "
" အမှန်ပဲမောင်ဇွဲယံ... အခုစာအုပ်ထဲက အကြောင်းအရာအားလုံး ပြောင်းလဲသွားပြီ... ဖတ်ကြည့် "
ဇွဲယံဘက် တို့ရွေ့ပေးလာသော စာအုပ်အား ငုံ့ကြည့်မိသည်။ မှတ်တမ်းစာစဉ်-၃၀၏ ဖြစ်စဉ်များ။
" ဒါ... ဒါက ဘယ်လိုဖြစ်တာလဲလေးလေး? အားလုံးပြောင်းလဲသွားပါလား အရင်က... မှတ်တမ်းစာစဉ်(၃၀)က ဒီလိုမဟုတ်ဘူးလေ "
" စာစဉ်(၃၀)ပဲ မဟုတ်ဘူးမောင်ဇွဲယံ... နောက်ဆက်တွဲ အခန်းတွေလည်း အကုန်လုံးပြောင်းလဲသွားတာ ကြည့်ကြည့်လိုက်ဦး "
စာစဉ်-၃၀ရဲ့နောက်ဆက်တွဲ အခန်းဆက်များကို လှန်ကြည့်လိုက်သည်။ လေးလေးပြောသလိုပါပဲ... အရင်က ဖတ်ထားတဲ့အရာတွေနဲ့ လုံးဝမတူကွဲပြားတာ တွေ့မြင်လိုက်ရသည်။ ထူးဆန်းလိုက်တာ... ပြတိုက်မှာ လုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက် အခုလို ဆန်းကြယ်တဲ့ အပျက်အဖြစ်မျိုး ဖြစ်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ။ ထူးဆန်းပြီး အံ့သြစရာ ကောင်းလွန်းနေတယ်။
YOU ARE READING
Любовные романыကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...