အခန်း ၃၄ (ဇာတ်သိမ်း)
" ဘယ်လို ဘယ်လို… သားငယ်လေးဘာပြောလိုက်တယ် စကိုင်းကိုယူမယ် ဟုတ်လားသား "
" ဟုတ်တယ်အမေ သားMy Skyကိုယူမှာ "
" အမလေး ဘုရားရေ… ကယ်တော်မူပါ "
သားငယ်လေးရဲ့စကားကြောင့် ကိုယ့်မှာ ရင်ဘတ်ကို ယောင်ယောင်မှားမှား ဖိလိုက်မိတဲ့အဖြစ်။ စကိုင်းကို ယူမယ်တဲ့… ယောကျာ်းလေးတစ်ယောက်ကို ယူမယ်သတဲ့… ဘယ်လိုက ဘယ်လိုအတွေးနဲ့ ပြောချလိုက်တာလဲ သားငယ်လေးရယ်… ဒုက္ခပါပဲ။
" သား… ငါ့သားလေး နေကောင်းပါတယ်နော် "
" သားနေကောင်းပါတယ်အမေရဲ့ ဘာဖြစ်လို့လဲ "
" မဟုတ်သေးပါဘူး နေကောင်းတယ်လို့လည်း ပြောသေးတယ်… အခု ယောကျာ်းယူမယ်ဆိုတော့ ငါ့သား ညကအိပ်ရေးမဝလို့ ယောင်နေတာလား "
" ပေါက်ကရတွေဗျာ… သားနေကောင်းတယ် ပြီးတော့ အိပ်ရေးလည်းဝတယ် ဘာမှမဖြစ်ဘူး "
" ဘာမှမဖြစ်ပဲနဲ့ စကိုင်းကို ကောက်ခါငင်ကာ ထယူမယ်ဆိုတာကြီးက… "
ဘယ်လိုမှကို တွေးမမီတာကြီးပါ။ မနက်စောစောစီးစီး နံနက်စာဝိုင်းမှာ ဗြုန်းဆို ရှေ့မကြည့် နောက်မကြည့် ပြောချလာတာက စကိုင်းကိုယူမယ်တဲ့။ အံ့သြလွန်းလို့ သူ့အစ်ကိုဖြစ်တဲ့ဝဠာတောင် ဘာစကားမှကို မပြောနိုင်တော့ကာ ပါးစပ်အဟောင်းသားဖြင့် ညီဖြစ်တဲ့သူကို မမြင်ဖူးသလို ကြောင်ကြည့်နေသည်။ ဒေါ်နွှယ်သာဂီက ပိုဆိုးတာပေါ့။ ရုတ်ချည်း သားမက်ရမယ်ဆိုတော့ အတိုင်းထက်လွန်ကို အံ့သြသောပဲ။ သားငယ်လေးတစ်ယောက် ဘာတွေ လျှောက်လုပ်နေတာပါလိမ့်။
" ကောက်ခါငင်ကာ မဟုတ်ပါဘူးအမေကလည်း… သားနဲ့ My Skyက မေတ္တာမျှနေတာကြာပါပြီ အားလုံးကို အသိမပေးသေးတာပဲ ရှိတာ "
" ဟယ်… သားတို့က ယောကျာ်းလေးတွေလေ "
" ယောကျာ်းလေးလည်း ဘာဖြစ်လဲအမေရဲ့… အချစ်မှာ ယောကျာ်းရယ် မိန်းမရယ်လို့ ခွဲခြားထားတာမှမဟုတ်တာ နောက်ပြီး… My Skyကို သားမိန်းမအဖြစ် ကျူးလွန်မိပြီးသွားပြီ "
ဒေါ်နွှယ်သာဂီခင်မျာ အမလေးဟုပင် မတနိုင်တော့ပါ။ သားဖြစ်သူပြောသမျှကို မျက်ပြူးဆံကြောင်ဖြင့် ငေး၍သာ နေနိုင်တော့သည်။
YOU ARE READING
Romantizmကောင်းကင်ပြာ အို... ကောင်းကင်ပြာ မတူညီတဲ့ ကာလတစ်ခုကနေ လာရောက်ခဲ့တဲ့အတွက် အချစ်များစွာနဲ့ ကြိုဆိုပါတယ်။ ဧည့်သည်တစ်ယောက်မှန်း ကျွန်ုပ်သိပါတယ်။ ဒါပေမဲ့... ကျွန်ုပ်ရဲ့နှလုံးသားထံပါး၌ နှောင်ကြိုးသွယ်မိသွားတာကြောင့် ကျေးဇူးပြုပြီး... ထွက်မသွားပါနဲ့လားလေ။ ...