Ch 43

1.3K 139 0
                                    

Ch 43

ထိုလက်ဆောင်တွင် ling cha နှစ်ဗူး၊ တရုတ်စီးကရက် နှစ်လိပ်၊ မက်မွန်ဝိုင် နှစ်ပုလင်း၊ ဆားဖုတ်ထားတဲ့ ကြက်တစ်ကောင်၊ ဆားဖုတ်ထားတဲ့ ကြက်တောင်ပံတစ်ထုပ်နဲ့ မုန့်နှစ်ဗူး ပါဝင်သည်။

ဒီလက်ဆောင်ကို ဒီခေတ်ကြီးရဲ့ လက်ဆောင်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ကျန်းဟွေ့ရဲ့ ဦးလေးနဲ့ အဒေါ်တွေက လက်ဆောင်ကို လက်ခံပြီး ကြည့်လိုက်တဲ့အခါ အံ့အားသင့်သွားကြသည်။

ဦးလေး ရဲ့ကျစ်ကျွမ်းက မျက်မှောင်ကြုတ်ပြီး ရဲ့နင်းရှန်ကို "အစ်မ ဘာလို့ ဒီလောက်ကြီးတဲ့ လက်ဆောင် ကျွန်တော်တို့ကို ပေးတာလဲ။ ဒါဘယ်လောက်တောင် ကုန်ကျမလဲ။ ကျွန်တော်တို့ လက်မခံနိုင်ဘူး ပြန်ယူသွားပါ။"

ရဲ့နင်းရှန်က ပေါ့ပေါ့ပါးပါး ပြုံးပြီး "ဘာမှမဟုတ်ပါဘူး။ ဝယ်ထားတဲ့ လက်ဖက်ခြောက်၊ စီးကရက်နဲ့ ဝိုင်ကလွဲရင် ကျန်တာ အကုန်လုံး အစ်မ ကိုယ်တိုင်လုပ်ထားတာ။"

ဦးလေး ရဲ့ကျစ်ကော်ကလည်း ရဲ့နင်းရှန်ကို "လောင်စန်း ဟွေ့ဟွေ့ အရင်တုန်းက ကျွန်တော်ဆီ လာပြီး လက်ဆောင်တွေ အများကြီး ပေးခဲ့တာ။ ကျွန်တော်က ပြန်ပေးချင်နေတာ။ ဒီတစ်ခါ ကျွန်တော်တို့ကို ဒီလောက်အများကြီး ပေးတာလဲ။ ကျွန်တော်တို့ ဘာလို့ လက်ခံရမလဲ။"
(လောင်စန်း= တတိယ)

ရဲ့နင်းရှန်က သူမအစ်ကိုကို ကျေးဇူးတင်စွာဖြင့် ကြည့်ပြီး "အစ်ကို အရင်တုန်းက ညီမကို အများကြီး ကူညီပေးခဲ့တယ်။ ဒီလက်ဆောင်ကို လက်ခံလိုက်ပါ။"

အဒေါ်ရဲ့ကျစ်ရှန်ကလည်း ရဲ့နင်းရှန်ကို လေးလေးနက်နက်ဖြင့် "လောင်စန်း နင့်မိသားစု အခုပိုကောင်းလာပြီ။ နင်အတွက် ငါတို့အားလုံး ပျော်ကြတယ်။ နင့်မှာ ပိုက်ဆံရှိရင် ဟွေ့ဟွေ့ ကောလိပ်တက်ဖို့ သိမ်းထား ကါတို့ကို အများကြီး မပို့နဲ့။ ညီအစ်ကို မောင်နှမတွေကြားမှာ အချင်းချင်း ကူညီသင့်တာဘဲလေ။"

ရဲ့နင်းရှန်က အစ်ကိုနဲ့ မောင်လေးတွေကို ပြုံးပြုံးလေးဖြင့် ကြည့်ကာ ရိုးသားစွာဖြင့် "အစ်ကိုကြီး၊ ဒုတိယအစ်မနဲ့ မောင်လေး အရင်က ညီမ မိသားစု ဒုက္ခရောက်ခဲ့တယ်။ အစ်ကိုတို့နဲ့ မိဘတွေနဲ့ အကူအညီနဲ့ကြောင့် ညီမ အသက်ဆက်ရှင်နိုင်ခဲ့တာ။ အခု ညီမတို့ ပိုက်ဆံရှာနိုင်ပြီ။ ဒါကြောင့် ညီမ မိသားစုရဲ့ ပျော်ရွှင်မှုကို မျှဝေပေးချင်တယ်။ ဒီလက်ဖက်ခြောက်နဲ့ မက်မွန်ဝိုင်က ကျန်းမာရေးအတွက် ကောင်းတယ်။ ယူသွားပါ ညီမတို့ကို ယဉ်ကျေးမနေပါနဲ့။"

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now