Ch 45

1.4K 127 1
                                    

Ch 45

နှစ်သစ်ပြီးနောက် ဖေဖော်ဝါရီလကုန်တွင် ကျန်းဟွေ့ရဲ့ ဖခင် ကျန်းကျင်းတုန်က ညဉ့်နက်သန်းခေါင်တွင် ခရီးဆောင်အိတ်တစ်လုံးဖြင့် အိမ်တံခါးဆီသို့ တိတ်တဆိတ် ပြန်ရောက်လာသည်။

သူက တံခါးကို ညင်သာစွာ ခေါက်လိုက်ပြီး "အားရှန် အားရှန် တံခါးမြန်မြန်ဖွင့် ငါ ပြန်လာပြီ။"

တံခါးကို အချိန်တော်တော်ကြာအောင် ခေါက်တော်လည်း တံခါးဖွင့်ရန် ဘယ်သူမှ မလာပေ။

အိမ်မှာ ဘယ်သူမမှ မရှ်ိဘူးလား? အားရှန် သူမတို့ ဘယ်သွားတာလဲ?

ကျန်းကျင်းတုန်က စိတ်ထဲတွင် ထိတ်လန့်တကြား ဖြစ်လာသည်။

သူက ခင်ပွန်းကောင်း မဟုတ်သလို ဖခင်ကောင်း မဟုတ်ကြောင်းကို စိတ်ထဲတွင် သေချာသိသည်။

ဒါပေမဲ့ သူ ဘယ်သွားသွား ဒီအိမ်ကို ပြန်လာ‌သရွေ့တော့ သူ့နှလုံးသားထဲတွင် ဇနီးနဲ့ သမီးတွေက မှတ်တိုင်အဖြစ် အမြဲရှိနေသည်။

အခုတွင် အိမ်တံခါးကို သော့ခတ်ထားပြီး သူ့မိန်းမနဲ့ သမီးနှစ်ယောက် ဘယ်သွားလည်း သူ မသိပေ။ ကျန်းကျင်းတုန်က သူ့ကိုယ်သူ ယုံကြည်မှု ပြိုလဲသွားတာကို ခံစားရပြီး ထိန်လန့်သွားသည်။

ကျန်းကျင်းတုန်က အိမ်နဲ့ ဝေးကွာနေပြီး အိမ်‌သော့ကို ယူဆောင်ထားခြင်း မရှိပေ။ အိမ်ဟောင်းကို သွားပြီး သူ့မိဘအိမ်ကို တံခါးခေါက်ကာ "အေဖ အမေ တံခါးဖွင့်ပေး...."

ကျန်းကျင်းတုန်က အကြိမ်ကြိမ် ခေါ်ပြီးမှ ဘေးခန်းက မစ္စတာကျန်းက အသံကြားပြီး တံခါးဖွင့်ဖို့ ထွက်လာသည်။

ဒီစိတ်ပျက်စရာကောင်းတဲ့ အကြီးဆုံးသားကို မြင်တဲ့အခါ မစ္စတာကျန်းက ဒေါသထွက်ပြီး "မင်း ပြန်လာရမယ်ဆိုတာ သ်ိနေတုန်းဘဲ။ မင်း ထွက်သွားတာ တစ်နှစ်ခွဲ ရှိနေပြီ။ ဘာလို့ အပြင်မှာ မသေသေးတာလဲ။"

ကျန်းကျင်းတုန်က သူ့အဖေ ဒေါတသကြီး ထွက်လာတာကို မြင်လိုက်ရပြီး ပြစ်မှားမိကြောင်း သိလိုက်ရသဖြင့် ဘာမှမပြောဝံ့ဘဲ ခေါင်းငုံ့ကာ အိမ်ထဲ ဝင်လာသည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now