'ဒီနေ့ဘာနေ့လဲသိလား.'
'စနေနေ့လေ အသဲရဲ့..'
'အေး..တသက်လုံးအလုပ်နဲ့ဘဲနေသွားလိုက်တော့။ဒီလိုနေ့မျိုးမှမေ့ရတဲ့မင်းနဲ့ဆက်မတွဲနိုင်တော့ဘူး။ငါတို့လမ်းခွဲကြမယ်....'
'အသဲ.. '
'စာလည်းမပို့နဲ့၊ဖုန်းလည်းမဆက်နဲ့တော့။မင်းအသံကိုရော၊ မင်းမျက်နှာကိုေရာမမြင်ချင်တော့ဘူး..'
အဆက်မပြတ်ဝင်လာတဲ့စာတွေကိုဖတ်ပြီးသူသက်ပြင်းချလိုက်သည်။စိတ်ရှုပ်လာတာကြောင့် ဆံပင်ကိုခပ်ကြမ်းကြမ်းလေးထိုးဆွလိုက်တော့ တခေါင်းလုံးဖွာလန်ကြဲသွားသည်။သူ့အသက်ရွယ်က ,ကလေးလလားလိုမျိုးနေလို့မရတော့ဘူးလေ။စီးပွားရှာရမယ့်အရွယ်ကိုရောက်နေပြီ။
ထို့ကြောင့်လည်း မိဘတွေရဲ့လက်ငုတ်လက်ရင်းဖြစ်တဲ့ ခရီးသွားအေဂျင်စီ မှာမန်နေဂျာရာထူးကိုတာဝန်ယူထားတာ။online ရောအပြင်မှာပါ ယုံကြည်စိတ်ချစွာနဲ့လက်မှတ်များဝယ်ယူနိုင်သလို ပြည်ပခရီးစဉ်ဆိုရင်လည်း ခရီးသွားတွေစိတ်တိုင်းကျအဆင်ပြေချောမွေ့အောင်ဆောင်ရွက်ပေးရတာဖြစ်တယ်။အမြဲတိုင်းအပြုံးလှလှလေးနဲ့ လူတိုင်းကိုဆက်ဆံရတာပေါ့
အလုပ်များတဲ့နေ့တွေဆိုထမင်းကိုတနပ်လောက်ဘဲစားရတယ်။တခါတလေ ကော်ဖီတခွက်နဲ့ပြီးသွားတာလည်းရှိတယ်။ဒါကိုသူ့ချစ်သူကမကြိုက်ဘူးလေ။အစားမမှန် ၊အအိပ်မမှန်တာကိုသဘောမကျဘဲ တတွတ်တွတ်ပြောနေတက်တယ်။
သူလည်းစကားနည်းရန်စဲဆိုသလို အင်း တလုံးဘဲပြန်ဖြေလိုက်တယ်။နောက်ကွယ်မှာတော့ နေချင်သလိုနေတာပေါ့။ ဒီနေ့လည်း ထုံးစံအတိုင်းစကားများရပြန်တယ်။ဘာနေ့မို့လို့ အထူးတလည်စိတ်ကောက်သွားရသလဲဆိုတာ သိချင်တာကြောင့် ဂျောင်ဂုလည်း ဖုန်းထဲမှာမှတ်ထားလေ့ရှိတဲ့ noteထဲဝင်ကြည့်လိုက်ချိန် မျက်လုံးပါပြုးကျယ်သွားတယ်။
သူသေသင့်တဲ့အပြစ်ကိုကျူးလွန်မိသွားတာဘဲ။ဒီနေ့ကသူတို့ချစ်သူဖြစ်တာ ၂နှစ်ပြည့်တဲ့နေ့လေ။တကယ်လည်းစိတ်ဆိုးသင့်ပါတယ်။အရေးကြီးတဲ့နေ့ကိုမှ မေ့ရတယ်လို့ ။အလုပ်လည်းရှုပ်နေတာနဲ့ သူလည်းသတိမရတော့တာ။အလုပ်ဆင်းရင်တော့ သူ့ဆီအရင်သွားပြီး ချော့ရမယ်လို့စိတ်ထဲရေရွတ်ရင်း မပြီးပြတ်သေးတဲ့အလုပ်တွေကိုအမြန်လက်စဖြတ်ရတော့သည်။