S2 အပိုင်း ၁၃
နှစ်လ...သူတို့ခွဲနေရတာနှစ်လတောင်။ဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ။ဟန်ဘင်းအထိအတွေ့အယုအယတွေကိုလွမ်းတတ်နေလို့ဟာအိုကိုယ့်ကိုကိုယ်တောင်ရှက်နေခဲ့ပါပြီ။ဟန်ဘင်းအိမ်ရောက်ရောက်ချင်း သူ့ကိုချီမလိုက်ကာ စတင်ပြီးနမ်းတော့တယ်။သူဟန်ဘင်းခါးမှာခြေထောက်ကိုချိတ်ထားပြီး လည်တိုင်မှာလက်ချိတ်ထားကာ ဟန်ဘင်းထက်မြင့်နေတဲ့အနေအထားမှာဟန်ဘင်းကိုငုံ့နမ်းလိုက်ပါတော့တယ်...
ဟန်ဘင်းအိမ်ရှေ့ခန်းဆိုဖာပေါ်မှာထိုင်လိုက်တော့ သူဟန်ဘင်းပေါ်ထိုင်ရက်သားဖြစ်ကာ ဟန်ဘင်း Necktieလေးကိုဖြည်လိုက်ပြီး အင်္ကျီအပေါ်ကြယ်သီးလေးကိုဖြုတ်လိုက်တော့ ဟန်ဘင်းအနမ်းတွေကြားကသဘောကျကာပြုံးသွားတာသိလိုက်ပါတယ်။သူဟန်ဘင်းနှုတ်ခမ်းတွေကိုပဲစိတ်ရောက်နေတုန်း ဟန်ဘင်းသူ့ခါးတွေကိုကိုင်ထားရင်းမှ ဘယ်အချိန်ကသူ့ဘောင်းဘီကိုဇစ်ဖြုတ်လိုက်လဲမသိboxerပေါ်ကနေသူ့အသားစိုင်လေးတွေကိုဆုတ်ကိုင်လိုက်တော့ သူထိုင်ေနရာကအနည်းငယ်ကြွသွားကာ လန့်ပြီး နမ်းနေတာကိုလည်းရပ်လိုက်တယ်...
"ဘာဖြစ်လို့လဲ...''
သူဟန်ဘင်းလက်ကောက်ဝက်ကိုဆုတ်ကိုင်လိုက်တော့ ဟန်ဘင်းသဘောပေါက်သွားပြီး...
"အဲ့နားထိတာမကြိုက်လို့လား...''
ဟန်ဘင်း လက်တွေကိုဆွဲထုတ်လိုက်တော့ သူဟန်ဘင်းရင်ဘက်ပေါ်ခေါင်းလေးအပ်ကာ...
"ဟို.....ရုတ်တရက်မို့..''
"ဟာအိုမကြိုက်ရင်မလုပ်ဘူး...ကိုယ်ဘာမှမဖြစ်ဘူး...စိတ်မကောင်းမဖြစ်နဲ့...''
ဟန်ဘင်းသူ့ခေါင်းလေးကိုငုံ့နမ်းရင်းပြောတော့ သူဘာပြန်ဖြေရမှန်းမသိတော့။အမြဲတမ်းသူ့ဆန္ဒကိုပဲရှေ့တန်းတင်နေမိတော့ဟန်ဘင်းကိုသူအားနာရတယ်။အမှန်တော့သူလည်း ဟန်ဘင်းနဲ့တူတူနေဖို့ရောက်လာခဲ့တာမို့ ဟန်ဘင်းကိုထပ်ပြီးမစောင့်စေချင်တော့ပါဘူး...ဒါပေမယ့်လည်းသူရင်တွေအရမ်းတုန်ပြီးလန့်နေခဲ့တာမို့...
"မဟုတ်....မဟုတ်ပါဘူး...ဖြည်းဖြည်းချင်း...''
သူဆက်မပြောရဲတော့အသံကတိုးပြီး ရပ်တန့်သွားတယ်။ ရှက်တာနဲ့ ပျောက်သွားလို့ရပြီ။ဟန်ဘင်းမျက်နှာကိုလည်းရဲရဲမကြည့်ရဲဘူး...သူတစ်ယောက်တည်းဖြစ်ပျက်နေတော့ ဟန်ဘင်းကဆီကခပ်တိုးတိုးရီသံလေးထွက်လာကာ....